သိနိုင်ပါအုံးမလား အချစ် ...
မင်းထားရစ်ခဲ့တဲ့နောက်မှာ
ငါ့အဖြစ်တွေက သိပ်မဆန်းလှပေမဲ့
ဟောဒီက .. ငါ့ရင်ဘတ်ထဲမတော့
တနှစ်ထက်တနှစ်
အလွမ်းတွေက
ရင့်ရင့်လာတယ် … ။
ဒါဏ်ဖြစ်သွားတဲ့ နှလုံးသားကတော့
အမာရွတ်တွေ တလွှားလွှားနဲ့လေ …
ခံစားတတ်တဲ့ အသိတွေလဲ
အေးခဲလို့ သွားခဲ့ပေါ့ …
အချစ်တွေကတော့
အသစ်မဖြစ်တာ သေချာနေခဲ့လို့
အဟောင်းအမြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
တရစ်ထက်တရစ် တိုး..တိုး လာရင်းနဲ့
နှစ်ချို့ခဲ့တာကြာသွားတော့
ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားတယ်။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
11 comments:
တစ်ခါတစ်လေ နှလုံးသားမှာဒဏ်ရာရထားရင် အနာရွတ်က ခံနေတော့ ဖုထစ်ဖုထစ်ဖြစ်နေတယ်နော်။း) ကဗျာလေးကို ခံစားမိတယ်။ ကြိုက်တယ်....
ခင်မင်လေးစားလျက်
တချို့အရာတွေက နှစ်ချို့လေ ကောင်းလေ ... တန်ဖိုးတက်လေပဲ။ ဥပမာ ၀ိုင်ဆိုရင် နှစ်ချို့ဝိုင်က ပိုကောင်းတယ်လို့ ကြားဖူးတာပဲ။ နှစ်ချို့အချစ်လဲ ပိုကောင်းရင် ကောင်းမှာပါ။ ဒါပေမဲ့ လွမ်းရတာတော့ မကောင်းဘူး :(
ဒါဏ်ဖြစ်သွားတဲ့ နှလုံးသားကတော့
အမာရွတ်တွေ တလွှားလွှားနဲ့လေ …
ခံစားတတ်တဲ့ အသိတွေလဲ
အေးခဲလို့ သွားခဲ့ပေါ့ …...
ဒီအပိုဒ်လေး သဘောကျ တယ်မမ..:)
ကျောက်တော့မဖြစ်ဘုး
ကေ၀ဍ်ပုဏ္စားလိုပဲ..အမာရွတ်မြင်တိုင်းနာတယ်.မမရေ..
လေလွင့်နတ်သမီး
နှစ်ချို့ အရက် ကတော့ သောက်လို့ကောင်းတယ်တဲ့
ရွှေစင်ဦး
မကြီးရွှေစင်ပြောတဲ့အတိုင်းဆို နှစ်ချို့တဲ့အချစ်လဲ?????
နှစ်ချို့တဲ့အချစ်ကိုလာခံစားသွားပါတယ်....အမ။
ခင်တဲ့
မိုးငွေ့
ဝိုင်ကတော့ နှစ်ချို့လေ ကောင်းလေဆိုပေမဲ့
တန်ဖိုးထားသူမရှိလို့ နှစ်ချို့သွားရတဲ့ အချစ်တွေကတော့ နှမြောဖို့ကောင်းပါတယ်။ နှလုံးသားဆိုတာလည်း ဒဏ်ဖြစ်သွားရင် အကောင်းပကတိ ပြန်ဖြစ်ဖို့ ခက်တယ်နော်
ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားတဲ့အထိ သံယောဇဉ်က မဖြတ်နိုင်ပဲကိုး။ ထမင်းတစ်လုပ်ရေတစ်မှုတ်ကို လမင်းကြီးဆီမှာ ပူဆာနေသလို စိတ်ပင်ပန်းနေမှာပေါ့ကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လမင်းကြီးနှင့်လွဲ၍ သင်ငိုနေလျှင် ကြယ်တာရာများနှင့်လည်း သင်လွဲရပေဦးမည်။
ဒန်တန့်တန် :P
ကဗျာလေး အရသာရှိလိုက်တာ...ဒါပေမယ့် ရေးရတဲ့သူမှာတော့ အရသာရှိမယ်မထင်ဘူး...ဘာကြောင့်လဲဆိုတော့ ဒဏ်ရာနဲ့ ရင်းလိုက်ရတာကိုး...
တော်တော်လေးကိုကောင်းတဲ့ ကဗျာလေးလို့
ပြောခြင်တယ်............
တသသနဲ့ ကိုခံစားဖတ်ရှူ့သွားပါတယ်။
Post a Comment