Monday, June 6, 2011

မှတ်သားစရာ ဟိုတစ်စ သည်တစ်စ

 စာတွေဖတ်ရင်း နှစ်သက်မိတဲ့ မှတ်သားစရာလေးများကို မှတ်တမ်းတင်ထားတာ လေးတွေပါ။
နှစ်သက်တတ်ရင် ဝေမျှခံစားသွားလို့ ရပါတယ်။

  • မိတ်ဆွေစစ်ဆိုတာ စာအုပ်ကောင်းတစ်အုပ်လိုဘဲ။ အတွင်းကစာက အဖုံးထက်ပိုကောင်းတယ်။
  • ရေတံခွန်က ကျလာတဲ့ရေတွေဟာ ဘယ်တော့မှ အပေါ်ကိုပြန်တက်ရိုးထုံးစံမရှိဘူး။ မိဘမေတ္တာ ဆိုတာလဲ ရေတံခွန်လိုဘဲ စီးဆင်းတယ်။
  • အမုန်းဆိုတာ သူ့ကြောင့်ဖြစ်တာမဟုတ်ဘူး။ ကိုယ့်ရင်ထဲကဖြစ်လာတာ။
  • လူတွေဟာ ဣဋ္ဌာရုံ တွေကိုတပ်မက်သလောက် အနိဋ္ဌာရုံတွေကို ဖန်တီးတယ်။
  • လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ ရီစရာအကောင်းဆုံး သတ္တ၀ါတစ်မျိုးတည်းရှိတယ်။ အဲဒါလူသားဘဲ။
  • တခါတရံမှာ ငါတို့နားလည်ရမှာက အဲဒါဟာ တကယ်တမ်းနားလည်ဖို့ မလိုအပ်ဘူးဆိုတာကိုဘဲ။
  • တကယ်တော့ ဘ၀မှာ သင်တကယ်ပိုင်တဲ့အရာက အခုရှူသွင်းလိုက်တဲ့ အသက်တစ်ချက်ပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ သင်နောက်တစ်ချက် အသက်ရှူသွင်းနိုင်အုံးမယ် ဟုတ်မဟုတ်ဆိုတာ မသေချာဆုံးအရာ ဖြစ်လို့ဘဲ။
  • ပြောင်းလဲခြင်းတစ်ခုကလွဲလို့ လောကမှာ ထာဝစဉ်တည်မြဲတဲ့အရာ မရှိပါဘူး။
  • ယုံကြမလားတော့မသိဘူး။ လောကမှာ သာမန်လူသားတစ်ယောက် အဖြစ်နဲ့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အရာတစ်ခုကို စွမ်းဆောင်နိုင်တဲ့လူသားဆိုတာ “မိခင်” တစ်ယောက်ဘဲရှိတယ်။
  • တစ်ခါတစ်ရံမှာ လှိုက်လှဲတဲ့အပြုံးကလေး တစ်ချက်က လူတစ်ယောက်ရဲ့ ဘ၀ကို ကြီးမားတဲ့ အပြောင်းအလဲဖြစ်စေတယ်။
  • မကောင်းတဲ့အကျင့်တွေဟာ စွဲမြဲဖို့လွယ်သလောက် ဖျောက်ဖျက်ပစ်ဖို့ ခက်တယ်။ ကောင်းတဲ့အကျင့်တွေကျတော့ စွဲမြဲဖို့ခက်သလောက် အလွယ်တကူ ဖျောက်ဖျက်ပစ်လိုက် တတ်ကြတယ်။
  • များများလုပ်လျှင် ပိုကောင်းသည်ဟုမထင်ပါနှင့်။ နည်းနည်းနှင့်လဲ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ပါတယ်။
  • မွေးဖွားတဲ့အချိန်ကနေစပြီး သေဆုံးတဲ့အချိန်ထိ လူသားတွေ တကယ်လုပ်နေရတဲ့ အလုပ်ဟာ “သင်ယူခြင်း” ဘဲ။ ဘာမှ မသင်ယူတော့ဘူးဆိုရင် အဲဒီလူဟာ သေဆုံးသွားတာနဲ့ အတူတူဘဲ။
  • လူကြီးဆိုတာ လူငယ်ကနေဖြစ်လာတာ။ ဆရာ ဆိုတာလဲ တချိန်တုံးက တပည့်ဘဲ။ မိဘဆိုတာ သားသမီးဘ၀ကနေလာတာ။ ဒါပေမဲ့ လူတွေဟာ တခါတလေ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ဘ၀ကို မေ့ထားတတ်ကြတာဆိုးတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

1 comment:

ဟန်ကြည် said...

ဒီစာစုလေးတွေကို ဖတ်ပြီး ရင်ထဲမှာ အင်အားသစ်တွေ ဖြစ်မိပါတယ်...ကိုယ်တိုင်ကလည်း အဆိုအမိန့်တွေကို နှစ်နှစ်ခြိုက်ခြိုက်ရှိလှတာမို့ စုစည်းပေးတဲ့ မအိမ်သူကို ကျေးဇူးတင်ကြောင်း ပြောပါရစေ...

Related Posts Plugin for WordPress, Blogger...