Tuesday, June 7, 2011

A True Love

A True Love
A stranger you were once.
Then, with a gentle look you took my hand.
As our lives engaged,
you lit my life and I held both your hands.
Now that decades have passed,
ours souls have indeed become one.
How fortunate we are
that we have found the love so true
that everyone dreams about.

By - Laura Veronica Merodio 


အချစ်စစ်
 တချိန်တုံးကတော့လဲ တစိမ်းတွေပါဘဲ….။

ပြီးတဲ့နောက်မှာတော့ ..
နုညံ့တဲ့အကြည့်လေးတချက်နဲ့
မင်းငါ့လက်ကို ကိုင်ဆွဲလိုက်ချိန်ကစလို့
နှစ်ဦး တစ်ဘ၀ စခဲ့သလို…..။

မင်းဟာ ငါ့ဘ၀ရဲ့အလင်းတန်း…
ပြီးတော့ မင်းလက်နှစ်ဖက်ကို ငါကိုင်ဆွဲလို့…
အခုထိတိုင် ရာစုနှစ်ပေါင်းများစွာ ငါတို့ကျော်ဖြတ်ခဲ့ကြ…
ငါတို့ရဲ့ ၀ိဉာဉ်တွေက တကယ့်ကို နက်ရှိုင်းစွာပေါင်းစပ်လို့…..။

ငါတို့ဘယ်လောက်ကံကောင်းလိုက်ကြသလဲကွယ်
လူတိုင်း အိပ်မက်ခဲ့ရတဲ့
အချစ်စစ် တစ်ခုကို ငါတို့ရှာတွေ့ခဲ့ကြတဲ့အတွက်ပေါ့…။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

( A True Love ဆိုတဲ့ ကဗျာလေးကို နှစ်သက်မိလို့ ဆီလျော်သလို ဘာသာပြန်ထားတာပါ။ အမှားအယွင်းများရှိခဲ့ရင် မအိမ်သူရဲ့ ချို့ယွင်းချက်ပါလို့ ပြောချင်ပါတယ်။)  

6 comments:

မောင်မျိုး said...

လူတိုင်း အိပ်မက်ခဲ့ရတဲ့
အချစ်စစ် တစ်ခုကို ငါတို့ရှာတွေ့ခဲ့ကြတဲ့အတွက်ပေါ့…။

သူတို့ကံကောင်းတာပေါ့ အိပ်မက်လေး မက်ခဲ့ဖူးပြီး ပျောက်ရှသွားတာထပ်စာရင်တော့ ပိုကောင်းတာပေါ့း)

မြစ်ကျိုးအင်း said...

သုံးထားတဲ့ စာသားလေးတွေ သိပ်လှတယ်။
အောက်ဆုံးအပိုဒ်လေး ပိုသဘောကျတယ်။

mstint said...

မအိမ်သူရေ ကဗျာကောင်းလေး တစ်ပုဒ် ဖတ်သွားပြီနော် အန်တီရဲ့ဘလော့မှာ မအိမ်သူအတွက် ရေးသားထားတဲ့စာသားလေးကို ဒီမှာထပ်ပြီး ရေးပေးလိုက်တယ်နော် မအိမ်သူရဲ့ အိပ်မက်လေးတွေ အနာဂါတ်မှာ ပီပီပြင်ပြင် အကောင်ထည် ဖော်နိုင်ပါစေကွယ်

မေတ္တာဖြင့်
အန်တီတင့်

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာကို ဘာသာပြန်ရတာ (ကျွန်မအတွက်တော့) ခက်ပါတယ် မအိမ်သူရေ...

မအိမ်သူ ပြန်ထားတာက ချောချောမွေ့မွေ့နဲ့ မူလရသလည်း မပျက်ဘဲ ဖတ်လို့ သိပ်ကောင်းပါတယ်...

နေ၀သန် said...

ကဗျာလေးက နုပြီး ကြည်နူးစရာလေး...း))


ခင်မင်လျက်
နေ၀ဿန်

ညီလင်းသစ် said...

မူရင်းနဲ့သာ ယှဉ်မဖတ်ဖူးဆိုရင် ဘာသာပြန်လို့တောင် မထင်ရတဲ့ ညက်ညောလှတဲ့ ကဗျာကောင်းလေးပါပဲ၊ စကားလုံးလေးတွေ ဖလှယ်ယူသွားတာ အရမ်းလှတယ်။

Related Posts Plugin for WordPress, Blogger...