ပဲဟင်းချို ၊ ကြက်သားဆီပြန် ၊ မျှစ်နဲ့ချဉ်ပေါင်ကြော် ၊ အညာငရုတ်သီးထောင်းနဲ့ သခွားသီးတို့ |
ပျိုလေးချက်တဲ့ ဟင်းလက်ရာ
ချစ်ခင်သူ မယ့်အိမ်သားရယ်
စားစမ်းလှည့်ပါ…
ပဲနောက်ဝါ ဟင်းချိုချက်ကယ်နဲ့
တို့မြုပ်စရာ ငရုတ်ထောင်းငယ်က
မွှေးလှပြန်တာ…
လိုက်ဖက်စရာ ဟင်းမယ်ရွေးတာက
ရွှေချဉ်ပေါင် မျှစ်တိုစွက်လို့
ကြက်ဟင်းလျာ ဆီပြန်ချက်ရယ်နဲ့
မြိန်ရှက်စွာ စားစေကြောင်းရယ်လို့
စေတနာ ဝေဖြာလောင်းကာပ
မယ့်သက်လျာ ငယ်ကပေါင်းကို
ကျွေးမယ်ကွဲ့လေး……။ ။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
5 comments:
ကျွန်တော့် အကြိုက်ဟင်းတွေဆိုတော့ သားရေတောင် ယိုသွားတယ်... အိမ်ထမင်း၊ အိမ်ဟင်း ဝေးနေတာကြာပေါ့...
အစားအသောက်တင် ဖွယ်ဖွယ်ရာရာမကဘူး လိုက်ဖက်တဲ့ ကဗျာလေးပါ တင်သွားလေတော့ မယ့်သက်လျာ ငယ်ပေါင်းတော့ ကြည်နူးပြီး ပီတိတွေဖြာနေမှာပဲနော်။
မေတ္တာဖြင့်
အန်တီတင့်
ဟေးဟေး....
ကိုယ့် အတွက်ပါမပါတော့မသိဘူး
နည်းနည်းတော့မျက်စောင်းထိုးသွားတယ်
ကဗျာရောဟင်းရောကောင်းလို့။
ဟင်းအစပ်တည့်တယ်..စားချင်လိုက်တာ..
ပုံတွေ ကြည့်ပြီး စားချင်လိုက်တာ
Post a Comment