Sunday, January 1, 2012

ဆယ့်တစ် - ဆယ့်နှစ်

ခွဲခွာရတော့မယ့်အချိန်တွေက တစတစနဲ့ နီးလို့လာနေပြီ…
တချက်ချက်မြည်နေတဲ့ နာရီသံတွေက ရင်ခုန်သံတွေကို ဆူညံလာစေခဲ့သလား…
သွားလိုက်တော့ကွယ်… ဘယ်တော့မှ ပြန်မဆုံနိုင်တော့တာ သေချာပြီးသားလေ…
ဖြတ်သန်းခဲ့တဲ့ အချိန်တွေတိုင်းကိုတော့ သတိရနေခဲ့မှာ အသေအချာပါပဲ…
ထာဝရခွဲခွာခြင်းအတွက် နှုတ်ဆက်လိုက်ပါတယ်…  
သွားလိုက်တော့ နှစ်ဟောင်းရေ…
အကောင်းအဆိုးတွေနဲ့ ရှောင်လွဲမရခဲ့တဲ့ အဖြစ်အပျက်တွေကြားမှာ…
ကြေကွဲစရာ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာ၊ တမ်းတစရာတွေ တင်းကြမ်းနဲ့…
ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ မထူးခြားတဲ့ အကြောင်းအရာတွေ…
နှစ်တစ်နှစ်အတွင်းက အဖြစ်သနစ် အချင်းအရာတွေ …
အားလုံး… အားလုံးကို…
အခုတော့ နှုတ်ဆက်လိုက်ပြီ နှစ်ထောင့်ဆယ့်တစ်ရေ… သွားတော့ကွယ်…
အမှတ်ရစရာ နှစ်တစ်နှစ်အဖြစ် ထားရစ်ခဲ့တော့…

နှစ်ထောင့်ဆယ့်တစ်ဟာ…
နှစ်ထောင့်ဆယ့်နှစ်ကို ကမ္ဘာသူကမ္ဘာသားတွေလက်ကိုအပ်လို့…
လက်ပြနှုတ်ဆက်ရင်း ခွဲခွာသွားခဲ့ပြီ…။

တရွေ့ရွေ့နီးကပ်လာနေတဲ့ အချိန်တွေ…
နှစ်သစ်တစ်ခုကို ရင်ခုန်စွာနဲ့ ကြိုရတော့မယ်…
နှစ်ထောင့်ဆယ့်နှစ်ရေ ၀င်လာခဲ့ပါကွယ်…
လှိုက်လှဲစွာနဲ့ ကြိုဆိုပါတယ်…
ကောင်းမြတ်ခြင်းတွေ မင်္ဂလာတရားတွေကို မင်းသယ်ဆောင်လာခဲ့ပေါ့…
မေတ္တာတရားနဲ့ ငြိမ်းချမ်းမှုတွေကို မင်းဆီမှာမြင်ခွင့်ရပါရစေကွယ်…
ခွင့်လွှတ်နားလည်မှုတွေနဲ့ စာနာထောက်ထားမှုတွေလဲ တစ်ပါတည်း ယူလာစေ့ချင်ရဲ့…
ဝေးကွာခြင်းတွေ ပြန်လည်ပေါင်းစည်းကြပါရစေ…
လွဲမှားခြင်းတွေ အမှန်တရားနဲ့ ဆုံတွေ့နိုင်ကြပါစေ…
ဝမ်းနည်းဖွယ်ရာတွေ ဖယ်ထားခဲ့ပြီး…
ကြေကွဲခြင်းတွေလဲ ဝေးဝေးမှာနေပါစေကွယ်…
ပျော်ရွှင်ခြင်း ၀မ်းမြောက်ခြင်းတွေကို ဆောင်ယူခဲ့လေ…
ချစ်ခြင်းတရားနဲ့အတူ ကြည်နူးခြင်းတွေကို ဝေမျှခံစားကြမယ်ကွယ်…
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို နှစ်ထောင့်ဆယ့်နှစ် ဆိုတဲ့နှစ်သစ်မှာ …
တို့လူသားတွေ အားလုံးလက်တွဲ ပုံဖေါ်ကြမယ်လေ…။ 


မင်္ဂလာပါ နှစ်သစ်ရေ…
နှစ်ထောင့်ဆယ့်နှစ်ဟာ အေးချမ်းတဲ့နှစ်…
ကျက်သရေ မင်္ဂလာရှိတဲ့နှစ်…
ချမ်းမြေ့ခြင်းတွေနဲ့ သာယာဝပြောတဲ့နှစ်…
ကောင်းမြတ်သော မင်္ဂလာတွေနဲ့
ငြိမ်းချမ်းသာယာတဲ့နှစ်တစ်နှစ် ဖြစ်ပါစေကွယ်…။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(အားလုံးပဲ Happy New Year ပါရှင်။ နှစ်သစ်မှာ ကျန်းမာရွှင်လန်းစွာနဲ့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။)

9 comments:

Angelhlaing(May everybody be happy and healthy! said...

Happy New Year !!! :) :) ပျော်ရွင်ဖွယ် နှစ်သစ် မင်္ဂလာလေး ဖြစ်ပါစေ မမရေ.....

San San Htun said...

ံHappy New Year ပါ ဝါခေါင်မိုးရေ

Crystal said...

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”

(ခရီးတွေ သွားနေလို့ ခုမှ ဘလော့ခြေဆန့်ဖြစ်တယ်အစ်မရေ့...)

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
မအိမ်သူရေ။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မ အိမ်သူရေ
ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေနော်
အစ်မတို့မိသားစုအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ ၂၀၁၂ ဖြစ်ပါစေ..
ဆန္ဒတွေအားလုံး ပြည့်ပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်

စံပယ်ချို said...

နှစ်သစ်မှာ မိသားစုနဲ့အတူ
ပျော်ရွှင်အေးချမ်းတဲ့ဘ၀လေးဖြစ်ပါစေရှင်
နောက်ကျမှရောက်လာခဲ့တာ ခွင့်လွတ်ပါ မအိမ်သူရေ

ဟန်ကြည် said...

မှန်လိုက်လေ မအိမ်သူရယ်...

ကုန်လွန်သွားတဲ့ နှစ်ဟောင်းကို နှုတ်ဆက်ရင်း ရောက်လာမယ့် နှစ်သစ်မှာ လူသားမျိုးနွယ်စုတွေအတွက် ငြိမ်းချမ်းပြည့်စုံခြင်းတွေ ပေးစွမ်းနိုင်ဖို့ အားလုံးကြိုးစားကြရမှာပေါ့...

ချမ်းငြိမ်ကြည့်မွေ့သော နှစ်ကူးမင်္ဂလာဖြစ်ပါစေ မအိမ်သူရေ...

Anonymous said...

မင်္ဂလာနှစ်သစ်ပါပဲဗျာာ


မောင်ဘကြိုင်

မဒမ်ကိုး said...

2012 မှာကံကောင်းခြင်းပျော်ရွှင်ခြင်းတွေကိုပိုင်ဆိုင် ရရှိနိုင်ပါစေ မမအိမ်သူရေး)

ချစ်တဲ့

မဒိုးကန်

Related Posts Plugin for WordPress, Blogger...