ဟိုတစ်ပတ်က Facebook ပေါ်လျှောက်လည်ရင်း အစိမ်းရောင်လွင်ပြင် ရဲ့
facebook wall ပေါ်မှာခေါပုတ်ကြော်သွားတွေ့တယ်။ ဓါတ်ပုံကြည့်ပြီးတော့
သွားရေကျတာနဲ့ မစားရတာကြာပြီလို့ ပြောလိုက်တာ ညီမချောက စေတနာ
အပြည့်နဲ့ ခေါပုတ်လုပ်နည်းကို ချက်ချင်းပဲ ပြောပြပါတော့တယ်။
သူပြောပြတော့လဲ လုပ်နည်းက သိပ်မခက်ပဲ အတော်လွယ်နေတာရယ်

မစားရတာလဲ ကြာနေလို့ စားချင်နေတာရယ်နဲ့ အားတဲ့တစ်နေ့ လုပ်စားကြည့်ဖို့
စဉ်းစားလိုက်တယ်။ အစားအသောက်နဲ့ပတ်သက်ရင် ကိုယ်မလုပ်ဖူးသေးတဲ့
အသစ်အဆန်းဆို စမ်းလုပ်ကြည့်ချင်တဲ့ ၀ါသနာကလဲရှိတော့ နဲနဲအားတဲ့ရက်မှာ
လက်တည့်စမ်းကြည့်မယ်ပေါ့။ အဲဒါနဲ့ပဲ မအိမ်သူတစ်ယောက် ငယ်ငယ်က
ချက်တမ်း ပြုတ်တမ်း ကစားသလို အခုလဲ အိမ်မှာ ခေါပုတ်လုပ်တမ်း
ချက်တမ်း ပြုတ်တမ်း ကစားသလို အခုလဲ အိမ်မှာ ခေါပုတ်လုပ်တမ်း
ကစားဖြစ်သွားပါတယ်… :D
အိမ်မှာ ကောက်ညှင်းဝယ်ထားတာ အဖြူကော ငချိတ်ကောရှိနေတော့ ပထမ
နှစ်မျိုးလုံးလုပ်ရင် ကောင်းမလား စဉ်းစားလိုက်သေးတယ်။ နောက်တော့
အရင်ဖြစ်မဖြစ်ကို စမ်းကြည့်မှာမို့ အမဲတစ်မျိုးကိုပဲလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်
ပါတယ်။ အရင်ဆုံး ကောက်ညှင်းငချိတ်ကို ရေဆေးပြီး တစ်နာရီလောက်
ရေစိမ်ထားလိုက်ပါတယ်။ ပြီးတော့မှ ရေစစ် ဆားလေးနည်းနည်းထည့်ပြီး
ပေါင်းလိုက်တယ်။ ခပ်ပျော့ပျော့လေးဖြစ်အောင် ပေါင်းထားတဲ့ကောက်ညှင်း ငချိတ်ပေါင်းရပြီဆိုတော့ ခေါပုတ်ထောင်းဖို့အဆင့် ရောက်ပါပြီ။
ငချိတ်ပေါင်း နှမ်းလေးဖြူးထားတာ |
ချောကပြောတာ ကောက်ညှင်းပေါင်းပြီးရင် ဆာလာအိတ်သန့်သန့်တစ်ခုနဲ့
ထည့်ပြီး လေးတဲ့ဟာတစ်ခုခုနဲ့ နာနာထုတဲ့… အဲဒီမှာ ထုစရာကတော့ ဒီက
ခမာ ငရုတ်ကျည်ပွေ့နဲ့တင်ပြီးတယ်။ ဒါပေမယ့် ထည့်စရာကျတော့ ကိုယ့်ဆီမှာ
ဆာလာအိတ်ကမရှိ … ဘာနဲ့ထည့်ထုရမလဲ ရှာရပါလေရော…
ပလပ်စတစ်အိတ်တို့ ကြွပ်ကြွပ်အိတ်တို့လို ထုနေရင်းနဲ့ ကွဲ ပေါက်ထွက်မဲ့
အိတ်မျိုးဆို မဖြစ်ဖူးလေ… နောက်ဆုံးတော့ Gold Roast ကော်ဖီမစ်အိတ်ကိုပဲ
ရေဆေး ဆီလေးနဲနဲသုတ်ပြီး ကောက်ညှင်းလေးနဲနဲ ထည့်ထုကြည့်တော့
အဆင်ပြေတာနဲ့ အဲဒီအိတ်နဲ့ပဲ ထုလိုက်တော့တယ်။
ကောက်ညှင်းကို ထုတဲ့အချိန်မှာ အိတ်မှာ ကပ်မကုန်အောင်လို့ လက်မှာ
ဆီတို့ပြီး အိတ်အထဲကို ဆီနည်းနည်းသုတ်လိုက်ပြီးမှ ငချိတ်ပေါင်းကိုထည့်ပြီး
အ၀တွေလုံအောင် သေချာခေါက်ပြီးမှ ကျည်ပွေ့နဲ့ နာနာထုပါတယ်။
တစ်ကြိမ်ထဲနဲ့တော့ မရပါဘူး။ အိတ်ကိုဖွင့်ဖွင့်ပြီး ထုထားတဲ့ ကောက်ညှင်း
အပြားလိုက်ကို လေးခေါက်ခေါက်ပြီး ပြန်စုလိုက် ပြီးမှ ပြန်ထုလိုက်နဲ့
လုပ်ရပါတယ်။ ငဖယ်ထောင်းသလိုပါပဲ။ အဲဒီလို ထုနေရင်းနဲ့မှ ခေါပုတ်ဖြစ်ခါနီး
အနေလောက်ရောက်ရင် ထုထားတဲ့ကောက်ညှင်း အပြားလိုက်ပေါ်ကို
နှမ်းလေးနဲနဲ လိုက်ဖြူးလိုက် ဆက်ထုလိုက်နဲ့ အဲဒီလို အကြိမ်ကြိမ်ထုရင်း
တဖြည်းဖြည်း ကောက်ညှင်းသားတွေကြေပြီး အပြင်လိုက်ဖြစ်လာတော့မှ
ပလပ်စတစ်ဗူးတစ်ခုမှာ ကောက်ညှင်းတွေ မကပ်အောင် ဆီလေးနဲနဲသုတ်
ကောက်ညှင်းထုထားတာကို မျက်နှာပြင်လေး ညှိပြီး ထည့်ထားလိုက်တယ်။
ပုံသွင်းပြီးသားဖြစ်သွားရော..း)

ဒီလောက်ထုတာတောင် ကောက်ညှင်းက အစေ့ကျန်ချင်သေးတယ်။
ခေါပုတ်မဖြစ်တဖြစ်လေးလို့ပဲ ပြောရမယ်ထင်တယ်။ လက်တည့်စမ်းတာ
ဆိုတော့လဲ ဒီလောက်ဖြစ်တာပဲ ကိုယ့်ဟာကိုယ် သဘောတွေကျပြီး
ကျေနပ်လို့….း)
ကျေနပ်လို့….း)
စားခါနီးမှ ဗူးထဲကနေ အပြင်လိုက်လေးရအောင် ထုတ်ပြီး ကပ်ကြေးနဲ့ညှပ်
ဆီပူပူလေးမှာကြော်စားတာ ကောင်းမှကောင်းပဲ။ (ဟီး.. ကိုယ့်ငါးချဉ်...
အဲလေ ကိုယ့်ခေါပုတ် ကိုယ့်ဟာကိုယ် ကောင်းနေတာ… :D)
ဆီပူပူလေးမှာကြော်စားတာ ကောင်းမှကောင်းပဲ။ (ဟီး.. ကိုယ့်ငါးချဉ်...
အဲလေ ကိုယ့်ခေါပုတ် ကိုယ့်ဟာကိုယ် ကောင်းနေတာ… :D)
ကြော်ထားတာ ဒီအတိုင်းစားလဲကောင်းတာပဲ။ အိမ်မှာတော့ ခေါပုတ်ကြော်နဲ့
ထန်းလျက်ရေလေး ကြိုပြီး တို့စားတယ်။ မွှေးနေတာပဲ...း)
ထန်းလျက်ရေလေး ကြိုပြီး တို့စားတယ်။ မွှေးနေတာပဲ...း)
ဒီလို အပြားလိုက်ကလေး ရအောင် ဗူးထဲကထုတ်... |
ကပ်ကြေးနဲ့ညှပ်ပြီး ကြော်ဖို့အဆင်သင့်... |
ခေါပုတ်ကြော်လေးရပါပြီ။ မွှေးနေတာပဲ..း) |
ဒီမှာ နောက်တပွဲ ... ကြိုက်တတ်ရင် ထန်းလျက်ရေလေးနဲ့ တို့စားပေါ့။ |
နောက်တခါ လုပ်စားဖြစ်ရင်တော့ ငရုပ်ဆုံထဲပဲ ထည့်ထောင်းကြည့်အုံးမယ်။
ခမာ ငရုပ်ဆုံက အတော်ကြီးတယ်။ အလေးကြီးပဲ… ထောင်းရတာတော့
တကယ်ကို အားပါးတရပဲ။ ကျောက်အစစ်ကို ချောနေအောင်လုပ်ထားတာ
အသစ်စက်စက်ကို ချက်ချင်းဝယ်သုံးရင်တောင် သဲလုံးဝမထွက်ဘူး။
ကျောက်အစစ်ကို ထွင်းထားတာ။ အ၀ကျယ်ကျယ်လေးနဲ့ ချောနေတာပဲ |
စောက်လဲနက်တယ်ဆိုတော့ အများကြီးထည့်ထောင်းလို့ရတယ်။ |
ငရုပ်ကျည်ပွေ့ကလဲ လုံးပတ်ကကို လက်တစ်ဆုပ်မကဘူး။ အရှည်က
တစ်ပေနီးပါးရှိတယ်။ ငရုပ်ဆုံနဲ့ ကျည်ပွေ့ပေါင်းရင် အနည်းဆုံး ၈ကီလို
(၁၇.၆ ပေါင်) လောက်ကိုရှိတယ်။ ဒီက ငရုပ်ဆုံကိုသဘောကျလွန်းလို့
တစ်ပေနီးပါးရှိတယ်။ ငရုပ်ဆုံနဲ့ ကျည်ပွေ့ပေါင်းရင် အနည်းဆုံး ၈ကီလို
(၁၇.၆ ပေါင်) လောက်ကိုရှိတယ်။ ဒီက ငရုပ်ဆုံကိုသဘောကျလွန်းလို့
ရန်ကုန်ကိုသယ်ချင်တာ… ဒါပေမဲ့လဲ အဲဒီလောက်ဝိတ်နဲ့ဆိုတော့ ရန်ကုန်
မရောက်ခင် လေယာဉ်ပေါ် အတက်မှာတင်ပဲ ကန်ချခံရမယ့်ကိန်း
မြင်တယ်။း))
မရောက်ခင် လေယာဉ်ပေါ် အတက်မှာတင်ပဲ ကန်ချခံရမယ့်ကိန်း
မြင်တယ်။း))
ခေါပုတ်ကို အဲဒီငရုတ်ကျည်ပွေ့နဲ့ ထုတာဆိုတော့ လေးလွန်းလို့ ကြာကြာ
မထုနိုင်ဘူး။ တော်ကြာနေ ကာယဗလတွေ ထွက်လာပြီး ဟာကြူလီမမ
ဖြစ်သွားမှာစိုးရတယ်။ ခေါပုတ်ထုဖို့ကို မီးဖိုထဲမှာ သုတ်ဖို့ပြုဖို့ ထားတဲ့
တဘက်စုတ်တထည် လေးခေါက်ခေါက်.. တင်ပြီးထုမယ့် တုံးရဲ့အောက်မှာ
အသေအချာခံ... အသာထိန်းပြီးမှ ထုတာတောင် တဒုန်းဒုန်းနဲ့ အသံက

တော်တော်မြည်သေးတယ်။ ကောက်ညှင်းကလဲ အတော်ကြာကြာ
ထုရတာဆိုတော့ အိမ်အောက်ထပ်ကလူတွေလဲ အတော်တော့နားညီးမှာ…
ဘာတွေများ ဒီလောက်တောင် ဒုန်းဒုန်းဒိုင်းဒိုင်း ထုနေနှက်နေလဲလို့
ထင်ကြမှာပဲ... အားတော့နာသား…း))
ထုရတာဆိုတော့ အိမ်အောက်ထပ်ကလူတွေလဲ အတော်တော့နားညီးမှာ…
ဘာတွေများ ဒီလောက်တောင် ဒုန်းဒုန်းဒိုင်းဒိုင်း ထုနေနှက်နေလဲလို့
ထင်ကြမှာပဲ... အားတော့နာသား…း))
ဒါပေမယ့်လဲ အားနာနာနဲ့ပဲ ခေါပုတ်ဖြစ်တဲ့အထိကို ထုလိုက်ပါတယ်။ :P
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
18 comments:
ဒီမှာတော့ အလွယ်တကူဝယ်လို့ရလို့ မထောင်းဖြစ်ဘူး.. မဟုတ်ရင် ဒီလိုဘဲထောင်းဖြစ်မှာ ဟိဟိ
ညီမတို့ဆီမှာတော့ အများကြီးကို ဆုံနဲ့ထောင်းတာမို့လို့ ခေါပုတ်ထောင်းပြီးလို့ ညက်ရင်တောင် ပူပူနွေးနွေးကျန်ခဲ့တာလေ။ အဲဒါကို ဒီတိုင်း အလုံးလေးတွေ လုပ်ပြီးနှမ်းထောင်းနဲ့တို့စားကြတာ.. နောက်တစ်ရက်လောက်မှ ကင်စားကြော်စားတာ။
ဘာဘဲဖြစ်ဖြစ် ခုလည်း ခေါပုတ်လေးက စားချင်စရာလေး ဖြစ်သွားသားဘဲနော်။ ပျော်စရာကြီး :P
Yummy!Yummy!
You worth to do that.You successfully made and share to us.I love to eat it.We can get fresh khawpote at moenyin monastry 61/2 mile in ygn sometimes.Tks both you and chaw.
Gyidaw
I laugh a lot while reading your cute post, sis!! Thanks for sharing :)) Will it be weird if I say I've never eaten Khawpote in my life :)))
ခေါပုတ်အော်ဒါမှာချင်လို့ ရမလားဟင်....:)
ရက်စက်ကြတယ်နော်၊ ဒီမှာ များက စားချင်နေတာ အဟီး အဟီး
တကယ်မစားရလို့ ငိုတွားတယ် :((((
တီတင့်က ရှမ်းပြည်ဘက်မှာ အနေများလာတာမို့ ရှမ်းစာအားလုံး ကြိုက်မှကြိုက် မအိမ်သူရေ။
ခေါပုတ်ကြော်လေး ငချိတ်ပေါင်းလေး စားချင်လာပြီး) နှမ်းထောင်းလေးနဲ့ ပိုကြိုက်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ငရုတ်ဆုံနဲ့ ငရုတ်ကျည်ပွေ့ ကိုတော့သဘောကျနေပြီနော်ပြီနော်
ခေါပုတ်ကြော်အရမ်းကိုကြိုက်ပါတယ်မထောင်နိုင်လို့
ငြိမ်နေရတာလေ...
စားချင်လိုက်တာဆောင်းတွင်းဖက်ဆိုရင် ပိုပြီးလွမ်းတယ်
ချစ်ချစ်ခင်ခင် jasmine
စားချင်စရာလေး. . . ရှလွတ် . .
ခေါပုတ်ကို အပြောမဟုတ်ဘဲ ပုံနဲ့တကွ ပြလိုက်တော့ စားချင်စရာပဲ မအိမ်သူရေ..၊ ငရုတ်ဆုံနဲ့ ကျည်ပွေ့ကိုတော့ သဘောကျ သွားပြီ၊ တော်ရုံ အစားအစာဆို သူ့ဝိတ်နဲ့တင် စိစိညက်ညက် ကြေသွားမှာ သေချာတယ်..။း)
ခေါပုတ် အရမ်းကြိုက်တာ....လုပ်စားကြည့်ဦးမယ် ညီမလေးရေ.....
ညကတည်းက မန့်တာမရလို့ ခုတစ်ခေါက်ပြန်လာတယ်မမရေ
သွားရေတော့ကျပါရဲ့ လုပ်မစားရဲဘူး
အိမ်ရှင်က ကြက်သွန်ဖြူထုတာတောင် မကြိုက်တာ
အဲဒါသာထုရရင်တော့ ဟဟဟဟဟ သွားပါပြီး)
ခေါပုတ်တော့ အတော်ကြိုက်တယ်.... မြန်မာတွေက ခေါပုတ်လို့ခေါ်တဲ့အရာက အမျိုးမျိုးဖြစ်နေတယ်.. ခေါပုတ်ဆိုတာကလည်း ကချင်မှာလည်းရှိ၊ ရှမ်းပြည်မှာတောင် တောင်နဲ့မြောက်က မတူဘူးလေ.. ကျွန်တော်က ရှမ်းမြောက်သားဆိုတော့ ရှမ်းမြောက်က ခေါပုတ်ကိုပဲ ကြိုက်တယ်.. အဖြူရော၊ အမည်းရောကြိုက်တယ်..။ အနွေးရော၊ အခြောက်ရော ကြိုက်တယ်..။ လူသိများတဲ့ ခေါပုတ်ဆိုတာတွေက တောင်ကြီးဘက်ကများတယ်.. အဲဒါတွေကိုတော့ သိပ်မကြိုက်ဘူး..။ ဒါပေမယ့် ခရီးဝေးကို သယ်လို့အဆင်ပြေတာမို့ အဲဒီဟာတွေပဲ ၀ယ်ဝယ်လာမိတယ်..။ ကျွန်တော်တို့ ရှမ်းမြောက်က ခေါပုတ်က ရန်ကုန်မန္တလေးသယ်သွားရင် ၁ ရက် ၂ ရက်တောင်မခံဘူး.။ မှိုတက်ရော..။ ဆိုင်မောဝ်သီချင်းထဲက ခေါပုတ်လေးကို ကင်ကာကင်ကာ စားရတဲ့အရသာ ဆိုတဲ့ခေါပုတ်တွေကို စားချင်တယ်ဗျာ....
ခင်မင်လျက်
နေ၀သန်
ခေါပုတ်မစားရတာတောင်ကြာလို့ မေ့တောင်နေပြီ...ဒီဒေသမှာက ရိုးရာမုန့်ရယ်လို့ သိပ်မရှိဘဲ အသင့်စားမုန့်တွေပဲများတာကိုး...အစ်မအိမ်သူရဲ့ ခေါပုတ်ကိုမြင်မှပဲ ခပ်ငယ်ငယ်က မိသားစုနဲ့ ၀ိုင်းဖွဲ့ပြီး ခေါပုတ်ကင်စားကြတာ ပြန်လွမ်းမိတော့တယ်...
အားကျပြီး ခေါပုတ်ထောင်းစားချင်ပေမယ့် မအားဘူးအစ်မရေ...ထုံးစံအတိုင်း အနံ့ရှူ၊ သွားရည်ကျပြီး ပြန်သွားတယ်...
ခေါပုတ်ကို အစ်မတွေ ရှမ်းပြည်နေတုန်းက ခဏခဏ စားရတယ်။ ကျိုင်းတုံဖက် တာဝန်ကျတော့ မစားဖြစ်ဘူး။ ခုတော့ ပြန်စားချင်လာတယ်။ ထုရထောင်းရ သက်သာမယ့် ပုံမပေါ်ပါ။ ဟာကျူလီ မအိမ်သူ ဖြစ်သွားမှ ဒွတ်ခ။ ဟီးဟီး
ဟီး သရေတောင်ကျလာပြီ ငချိတ်လည်းကြိုက်တယ်။ ခေါပုတ်ကြော် လည်းကြိုက်တယ်။ ခေါပုတ်ကြော်မစားရတာ ဆယ်နှစ်ကျော်သွားပြီ။ ငယ်ငယ်ကတော့ သကြားနဲ့စားဖူးတယ်။ ထန်းလျက်ရည်နဲ့ဆိုပိုကောင်းမယ်ထင်တယ်နော်။ စားသွားတယ်ဗျာ။ ကျေးကျေး အစ်မရေ။
မချောခေါပုတ်လုပ်နည်းကို မသိလိုက်ဘူး။
သူများလက်ဆောင်လာပေးလို့ အဲဒီကောက်ညင်းငချိတ်ဆန်ရှိမှန်းသိတာ။ ဒါဆို ခေါပုတ်လုပ်စားလို့ရတာပဲ လွယ်သားနော်။
ညီမလည်းလုပ်ကြည့်ဦးမယ်။
မအိမ်သူရဲ့ ခေါပုတ်လေးက စားချင်စရာ
သများရဲ့ ကော်မန့် ပျောက်သွားဒလယ်...း(
ငချိတ်ပေါင်းပုံလေး ယူသုံးခွင့်ပြုပါနော်
Post a Comment