Thursday, March 21, 2019

ကမ္ဘာကြီးကို အလှူကြီး ပေးလိုက်ပါ။


အပြုံးလေးတစ်စကို
အလှူဒါနပြုစရာလို့
ဘယ်သူက ထင်ကြမှာလဲ။

တကယ်တမ်းမှာ
လှူဒါန်းခြင်းဆိုတာ
ကိုယ့်နှလုံးသားကစတာပါ။

အလှူဒါနဆိုတာ
ကိုယ်ပိုင်ဆိုင်တဲ့အရာကို
ကြည်ဖြူ မေတ္တာ ရွှင်သဒ္ဓါနဲ့
စေတနာမျှ ဝေငှကြတာပဲမဟုတ်လား..။

ပစ္စည်းဥစ္စာ ငွေအသပြာ နတ္တိ
ပိုင်ဆိုင်ရာတွေမရှိငြား
ကိုယ်တိုင်ပြုတဲ့ ဒါနအများကို
ကုသိုလ်ပွားနိုင်
တပိုင်တနိုင် လှူကြ
ရင်ထဲကလာတဲ့
အပြုံးလှလှတွေလေ…။

အတူတူဝေမျှ
လက်ဆင့်ကမ်းလိုက်ကြစို့ရဲ့
ဖြူစင်တဲ့နှလုံးသားက
ကြည်ရွှင်တဲ့ အပြုံးများကို
နေရောင်ခြည်တွေလို ပျံ့နှံ့သွားရအောင်
လှိုက်လှဲတဲ့ အပြုံးတစ်စကို
ကမ္ဘာမြေကြီးပေါ် ခြွေချ
ကိုယ်ပိုင်အပြုံးလှလှများနဲ့
သဒ္ဓါကြည်မြ ရွှင်ပြနှလုံး
အပြုံးဒါန ဝေမျှကုသိုလ် ယူစေလို…။  

◄► ◄► ◄► ☺ ☺ ☺ ♥ ☺ ☺ ☺ ◄► ◄► ◄►


၂၁-၃-၂၀၁၉ (ကမ္ဘာ့ ကဗျာနေ့) အတွက် အမှတ်တရရေးဖွဲ့ဖြစ်တာပါ။ လူအများကို ပြုံးရွှင် ချိုသာစွာ ဆက်ဆံခြင်းဟာလည်း အလှူဒါန တစ်မျိုးဖြစ်တဲ့အတွက် အပြုံးနဲ့ ကုသိုလ်ပြုနိုင်ကြပါစေရှင်။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

1 comment:

coralnyo@gmail.com said...

း)း)း)

မိုးငွေ့

Related Posts Plugin for WordPress, Blogger...