အလင်းတွေအားလုံးကိုပိတ် မျက်စိတွေကိုမှိတ်ထားလိုက်တယ်။
အလင်းမဲ့သွားတဲ့ အမှောင်ကမ္ဘာထဲမှာ...။
အမြဲကြားနေရတဲ့ နားတွေထဲမှာ ဝါဂွမ်းတွေဆို့ထားလိုက်တယ်။
တိတ်ဆိတ်သွားတဲ့ ဆူညံသံတွေကြားမှာ...။
နှုတ်ဖျားကိုချိတ်ပိတ်
လျှာကိုကြိတ်ပြီးကိုက်ထားလိုက်တယ်။
အသံမဲ့သွားတဲ့ ဆွံ့အ ခြင်းနဲ့မိတ်ဖွဲ့ထားဖို့...။
စဉ်းစားခြင်းတွေကိုရပ်နား ဦးနှောက်ကိုအနားပေးထားလိုက်တယ်။
အမှန်အမှား ဆင်ခြင်တုံတရားတွေနဲ့ ဝေးရာမှာ...။
ခံစားချက်တွေကို မေ့ထား
နှလုံးသားကိုအေးခဲထားလိုက်တယ်။
နွေးထွေးတဲ့ ချစ်ခြင်းတရားတွေနဲ့ ဝေးရာမှာ...။
လူအများရဲ့ကြားမှာ ပျော်ဝင်စီးမျောရာက ကိုယ်ယောင်ဖျောက်
တကိုယ်ရေစာထွက်ပေါက်ကလေးကနေ
ငါထွက်ခွာဖို့အသင့်...။
မချင့်မချိန် မစဉ်းမစား ကိုယ့်စိတ်နဲ့ကိုယ် လော့ခ်ဒေါင်းလုပ်ထားတဲ့ကမ္ဘာမှာ
ကိုယ့်ဘဝရှင်သန်ခြင်းဟာ အဓိပ္ပါယ်ရှိမှာလားတော့
မသေချာ...။
▬ ◙ ◙ ▬ ◙ ◙ ▬ ◙ ◙ ▬ ◙ ◙ ▬
ကမ္ဘာ့ကဗျာနေ့အမှတ်တရ
ဘလော့ဂ်မှာ ယူနီကုတ်နဲ့ ပထမဦးဆုံးတင်တဲ့ပို့စ်လေးပါ။
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
1 comment:
Facebook မှာဖတ်ပြီး ဒီမှာတွေပတော့ ပြန်ဖတ်နေတာ။
Post a Comment