စိတ်အလျဉ်နဲ့အတူရွေ့လျားနေတဲ့ကြောင်တကောင်ဆီမှာ
လုံးစုံဝန်းကျင်ကို
စွင့်ထားတဲ့နားတစုံ
အမှောင်ကို
ထိုးထွင်းဖေါက်နိုင်တဲ့ အကြည့်
ဝမ်းစာနဲ့
အန္တရာယ်ခွဲခြားဖို့စူးစမ်းတဲ့ နှာခေါင်းက အနံ့ခံစွမ်းရည်
လိုအပ်တဲ့အခါ
ထုတ်သုံးနိုင်ဖို့ အသင့်အနေအထားနဲ့ဖွက်ထားတဲ့ လက်သည်းများ
လှုပ်ရှားမှုတွေအားလုံး
သိုသိပ်သွက်လက်စေဖို့
နုညံ့စွာလှုပ်ရှားရင်း
ဟန်ချက်ကိုထိမ်းထားတဲ့ အမြီးဖျား
ပေါ့ပါးတဲ့ခန္ဓာနဲ့
မလွတ်တမ်း မြဲမြံစွာခဲထားနိုင်တဲ့ အစွယ်များ…
အားလုံးဟာ
အသင့်အနေအထားမှာ…
ငါဟာ
ကြောင်ပျင်းတကောင်မဟုတ်…
ကြောင်ဖျင်းတကောင်မဟုတ်…
ကြောင်ပီသတဲ့ကြောင်…။
◙ ◙ ◙ ◙ ◙ ◙ ◙
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
2 comments:
ကိုယ်လဲ အဲလိုကြောင်မျိုးဖြစ်ချင်တယ်
Jas က ချစ်စရာကောင်းတဲ့ ကြောင်ကလေးပါ။ ^_^ Thanks for the comment!
Post a Comment