Friday, September 25, 2015

စည်းမဲ့ခြင်း



အရောင်တွေမှာ
အမှောင်နဲ့အလင်း
စီးချင်းထိုးစရာမလို…။

နေရောင်ဟာ
ပူပူနွေးနွေးကြီးပဲ
စီးဆင်းသွားသလို…။

လရောင်ဟာလည်း
ဖြူဖြူဖွေးဖွေးနဲ့ပဲ
ဖျန်းပက်ထားခဲ့တယ်…။

သက်တံတစင်းမှာ
ရောင်စဉ်လွှာအထပ်ထပ်
ကန့်သတ်ချက်ကတော့ ကင်းတယ်လေ…။

• • • • •  ◘ ◘ ◘ ◘  • • • • •


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

No comments:

Related Posts Plugin for WordPress, Blogger...