ဒီနေ့ဟာ အရောင်အလက်ဆုံး..
မနက်ဖြန်ဆိုတာ ကျကွဲတတ်တယ်။
မနေ့က ရှုရှိုက်ခဲ့တဲ့လေ
အခုဘယ်ဆီမှာလဲ…။
အတိတ်ဟာ
ဘယ်သောအခါမှ
နှစ်ခါပြန်လျှောက်မရတဲ့လမ်း။
စကြဝဠာအဆုံးထိသွား
မိုးကိုဖေါက် မြေလှန်ရှာလဲ
တည်မြဲခြင်းဆိုတဲ့အရာ
ဒီလောကမှာ ဘယ်အခါမှ
ဖွေရှာမရနိုင်တာ အမှန်တရား…။
ဒါပေမဲ့…
အတိတ်မှာ ထားခဲ့လို့မရတာတွေ
ဟောသည်လောကမှာ ရှိနေသေးတယ်။
ကိုယ်ကျင့်ခဲ့တဲ့တရား
ကိုယ့်စိတ်ထားနဲ့
ကိုယ်ပြုထားသောကံအများဟာ
ချန်ထားလွတ်မြောက်
ထွက်ပေါက်မရှိသောအရာ
ဘဝတစ်ပါး ကူပြောင်းသွားတောင်
သံသရာတလျှောက်
အရိပ်တွေလို တကောက်ကောက်…
ကိုယ်သွားလေရာနောက်ကို
စကြ၀ဠာ အဆုံးထိအောင် လိုက်လိမ့်မယ်…။
~ ~ ~ ~ ~ ~ ~ ~ ~
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
6 comments:
လိုက်ပါနေတဲ့ အရိပ်တွေ ကောင်းမွန်ပြီးအေမြတဲ့အရိပ်လေးဖြစ်ဖို့ကျိုးစားနေတာပါပဲရှင်----
အပေါ်ကပုံလေးကိုကြည့်ပြီးအင်းလေးကိုတောင်လွမ်းမိနေတာ..........
အစ်မစာစပြန်ရေးတော့ ကဗျာတစ်ပုဒ် သံဝေဂရစရာ ကဗျာလေးအဖြစ်အမှတ်ရ နှလုံးသွင်းနေမိတော့မှာ...။
ကဗျာ အသစ် လာဖတ်ပါတယ် ခင်ဗျာ ... ။ အချိန် ကို ဆုံးရှူံးရတာက တကယ့် ကို ဆိုးဝါးလွန်းတာပါပဲ ဗျာ ......
ဒီနေ့ဟာ အရောင်အလက်ဆုံး..
မနက်ဖြန်ဆိုတာ ကျကွဲတတ်တယ်။
မနေ့က ရှုရှိုက်ခဲ့တဲ့လေ
အခုဘယ်ဆီမှာလဲ...... တဲ့...။
ကောင်းလိုက်တဲ့ စကားလုံး ထုံးဖွဲ့၊တင်စားမှုတွေ
ပါပဲအစ်မရာ.....။ဘလနဲ့ ကွဲကွာနေတဲ့ကာလတွေမှာ
ဒီလို ကဗျာကောင်းလေးတွေ အစ်မဆီမှာ အများကြီး
ရှိဦးမယ်လို့မျှော်လင့်နေတယ်ဗျိုး.....။
အစ်မအိမ်သူ စာပြန်ရေးပြီပဲ...၀မ်းသာတယ်ဗျာ...ခမာပြည်က ဘလော့ဂါရယ်လို့ ကျွန်တော်သိသလောက် အစ်မအိမ်သူ တစ်ယောက်ပဲ ရှိတာ...အစ်မရေးမှ အဲဒီကအကြောင်းတွေ သိရတာကိုး...
ကိုယ့်နောက်က လိုက်နေမယ့် ကံကြမ္မာဆိုတာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်မှုပေါ်မှာ မူတည်မယ်ထင်ပါရဲ့...အနာဂတ်ကို မျှော်ရင်း ပစ္စုပ္ပန်ကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြတ်သန်းနိုင်ဖို့ အတော်ကြိုးစားရဦးမယ် အစ်မရေ...
ဟေ ဟေ့..........
ဘာပြောပြော ဘလောဒ့်ပေါ် ပြန်ရောက်လာတာကို အရင်ဆုံး ကြိုဆိုရမှာပဲ ။
ကဗျာ ကောင်းလေးပါ အစ်မကြီးရေ....
အရိပ်တွေကသာ ကိုယ့်နောက်က ထပ်ချပ်မကွာ
လိုက်နေတာ မို့လား သတိ တရားလေးတွေ ဆင့်ပွားတွေးမိသွားတယ် ဗျာ ။
Post a Comment