Sunday, September 30, 2012

ဒွာ ဒသမ ရတု



နှလုံးသားထဲမှာ ရေးထိုးခဲ့ကြတဲ့ လက်မှတ်ကလေးတွေရဲ့သက်တမ်းဟာ ရာသီစက်ဝန်းတွေကို ၁၂ကြိမ်တိုင် ဖြတ်သန်းလာခဲ့ပြီ။
ရေးထိုးစဉ်ကအတိုင်းပဲ မှင်အရောင် မပြောင်းသေးသလို နှလုံးသားတွေလဲ မဟောင်းသေးဘူး။
နှလုံးသား တစ်စုံဖြစ်ဖို့ ပေါင်းစပ်မှုမှာ သစ္စာတိုင်ရတုတွေ အခါခါ ဟစ်ကြွေးဖို့ မလိုခဲ့ဘူး။ 
အပြန်အလှန် နားလည်ခြင်းတွေနဲ့ တည်ဆောက်ထားတဲ့ဘ၀ဟာ သက်တမ်းတွေကြာလာတာနဲ့အမျှ သံယောဇဉ်ကြိုးတွေက တစ်ရစ်ထက်တစ်ရစ် ခိုင်ခိုင်မာမာ ရစ်ပတ်နှောင်ဖွဲ့လို့..။ 
၁၂နှစ်တိုင်အောင် လက်တွဲလျှောက်ခဲ့တဲ့လမ်းဟာ ပန်းခင်းလမ်းမဟုတ်ပေမဲ့လဲ မေတ္တာတရားတွေနဲ့အတူ ကျေနပ်စွာ ကြည်နူးစွာ ဖြတ်သန်းခွင့်ရခဲ့တဲ့လမ်းတစ်ခု..။
ရှေ့ဆက်သွားဖို့ တွဲထားတဲ့လက်တွေမှာ နွေးထွေးမှုတွေနဲ့ ပြည့်ဝလို့..။ သစ္စာတရားတွေနဲ့အတူ ပျော်ရွှင်စွာ  ရှေ့ဆက်လျှောက်သွားကြအုံးမယ်။ 
ရတုတွေ အဆက်ဆက်ထိတိုင်အောင်……။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

11 comments:

မေဓာဝီ said...

မအိမ်သူတို့ မောင်နှံနှစ်ဖြာ ...
နှစ်တရာတိုင်ပေ
သစ္စာမယိုင်သွေ
ချစ်သဒ္ဓါခိုင်စေ
မေတ္တာဖြိုင်ဝေလျက် ...
တွဲလက်မဖြုတ်တမ်း
နိဗ္ဗာန်လမ်းကို
ဆက်လှမ်းနိုင်ကြပါစေသား ... ။

ညီလင်းသစ် said...

၁၂ နှစ်မှသည် ရတုများစွာတိုင် တွဲလက်တွေ ခိုင်မြဲပါစေလို့ တောင်းဆုပြုခဲ့ပါတယ်ဗျာ...။

မောင်သီဟ said...

ရိုးမြေကျ ချမ်းမြေ့ သာယာသော ဘဝကို ပိုင်ဆိုင်ပါစေဗျား


မောင်ဘကြိုင်

ချော(အစိမ်းရောင်လွင်ပြင်) said...

၁၂နှစ်မှသည် နှစ်၁၂၀ တိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သပါသည်. အစ်မ အိမ်သူ
နေ့ရက်တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာစွာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်နိုင်ပါစေ.

စံပယ်ချို said...

မအိမ်သူရေ
၁၂ နှစ်မှ နောင်နှစ်ပေါင်များစွာတိုင်စေသော်
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးမိသားစုလေး
ပျော်ရွှင်ပါစေရှင်
ခင်မင်မှုများနဲ့ jasmine

မြတ်ပန်းနွယ် said...

နောင်နှစ်ပေါင်းများစွာတိုင် ရွှေလက်တွဲလို့ မြဲမြဲခိုင်ပါစေ။ ပျော်ရွှင်ချမ်းမြေ့သာယာတဲ့ ဘဝခရီးလမ်းကို ဖြတ်သန်းနိုင်ပါစေရှင်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

ညိမ်းနိုင် said...

၁၂နှစ်ပြည့်မှသည်....နောင်နှစ်ပေါင်းများစွာတိုင်ပါစေဗျာ...........

မိုးခါး said...

ရတု အဆက်ဆက် တွဲလက်တွေမြဲစွာနဲ့ ပျော်ရွှင်ကြပါစေကြောင်းး)))

Anonymous said...

ရတုအဆက်ဆက်တိုင်အောင်..
အိုအောင်မင်းအောင်ပေါင်းရပါစေ..

San San Htun said...

၁၂မှသည် ရတုများစွာ ကျန်းမာပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေဗျာ..

မြသွေးနီ said...

ယနေ့မှစ ချစ်ခြင်း၊ စာနာခြင်း၊ မေတ္တာများစွာထြင့် နှစ်တစ်ရာတိုင်ပါစေလို့ ဆုမွန်ချွေခဲ့ပါတယ်..

Related Posts Plugin for WordPress, Blogger...