Saturday, February 11, 2012

နှင်းဆီပန်တဲ့ပျို

Photo credit to Google Image.
အဆင်းရယ်ကနီနီ
ချိုမွှေးကြည် သင်းရနံ့ရယ်နဲ့
ဆူးခက်စီ ခြံရံထွေးတဲ့
နှင်းဆီကိုမှ ပျိုလိုချင်
ခူးဖို့ရန်ပြင် လှမ်းမိစဉ်ခဏ
ထိတ်လှချည့်ကွယ်
ရိုးတံမယ် ဆူးတွေပေါသနဲ့
ဘယ့်နှယ့်ခူးပါ့မယ်
ခက်ချေရဲ့စိတ်ကူး
ဆူးစူးမှာစိုးတဲ့ပျို
ချစ်သူကို လေချိုသွေး…
“ခူးပေးပါကွဲ့ မောင်ကြီးရယ်
လိုချင်တယ် ဟိုနှင်းဆီပွင့်
လှလွန်းတယ်ထင့်…
သို့ပေမင့် မောင်ကြီးရယ်
ပျိုဖြင့်ကြောက်တယ် ခူးရဲဖူးကွဲ့
ဆူးတွေများလှတယ်…”
ပျိုနှမငယ် မူဟန်ကကြွယ်
ချူပေးပါ့ကွယ် ပူဆာတတ်လေတော့
ဟိုအကို ကာလသားမှာဖြင့်
မဒီပျို စိတ်မညိုရအောင်ပ
သွေးသံယို ဆူးကိုမမှုလေထင့်
လှမ်းလင့်ကာ ဆွတ်ခြွေခူးလို့ရယ်
မယ့်ဆံနွယ်ကေသာဦးမှာလ
ကြည်နူးဖွယ် ယုယစွာနဲ့
ကိုယ်တိုင်သာ ဆင်ပါ့မယ်မောင့်ချစ်ဦးရယ်
ခေါင်းမော့ပါကွဲ့လေး…။   ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

20 comments:

rose said...

ကဗျာလေး သိပ်လှတာပဲ အစ်မအိမ်သူ။ ကဗျာရေးတတ်တဲ့သူတွေကို အားကျတယ်၊ ရို့စ် မရေးတတ်လို့။

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက အရမ်းနူညံ့တာပဲ
ရေးတတ်လိုက်တာ

မေဓာဝီ said...

နှင်းဆီနီ ဒီတပွင့်
ဆူးများနှင့် ရံတင့်တယ်
ခူးခက်လှတယ်။
ဆူးကိုဖယ် ...
မယ်ပန်ဖို့ ဆွတ်ခူး၊
ပျိုလေးဆံကေသာကျော့မှာ
ပန်ပေါ့ ချစ်ဦး။

မအိမ်သူကဗျာလေးဖတ်ပြီး စိတ်ကူးထဲ ပေါ်လာလို့ ရေးလိုက်မိတယ် မအိမ်သူရေ ... ။

နေ၀သန် said...

:)... ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေး..း))


ခင်မင်လျက်
နေ၀သန်

မောင်မျိုး said...

ကဗျာလေးက ချစ်စရာကောင်းချက် ဒါမျိုးလေးတွေ မဖတ်ရတာကြာပေါ့ နုနုညံ့ညံ့လေးး)

8Yar said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။ စာတိုတိုနဲ့ ပေါ်လွင်ပါပေတယ်ခင်ဗျာ။ ဖတ်ခွင့်ရလို့ ကျေးဇူးပါ အစ်မအိမ်သူရေ။

စံပယ်ချို said...

မအိမ်သူရေ
မြန်မာ ကဗျာစစ်စစ်လေးဖတ်ခဲ့ရတယ်
အရေးအသားလဲလှပြီးနူးညံ့တယ်
ချစ်တဲ့ jasmine

ဟန်ကြည် said...

ပန်းနှင်းဆီ
မွှေးရနံ့ကြိုင်ထုံသီလို့
နီလှဘိခြင်း...

ပန်ချင်ရင်
ရန်ကိုသာအရင်ရှင်းပါကွဲ့
ဆူးများဘိခြင်း...

မအိမ်သူကဗျာလေး လှသဗျာ ... သိမ်သိမ်မွေ့မွေ့လေး ကျွန်တော်တော့ အဲဒီလို နူးနူးညံ့ညံ့အတွေးမျိုးတွေ မတွေးတတ်တော့တာတောင် ကြာနေပေါ့...

htawoo said...

ကဗျာကာရန်လေးက နုနုရွရွနဲ့  လှမှလှ လန်းမှလန်း
ကဗျာဆရာမလေးတောင် သူ့ ကဗျာလေးကို
အရှုံးပေရမယ် ထင်ပါရဲ့ ... : )
ထော်ဦး

htawoo said...

ကဗျာကာရန်လေးက နုနုရွရွနဲ့  လှမှလှ လန်းမှလန်း
ကဗျာဆရာမလေးတောင် သူ့ ကဗျာလေးကို
အရှုံးပေရမယ် ထင်ပါရဲ့ ... : )
ထော်ဦး

ဘိုဖြူ said...

နူးညံ့မှုတွေနဲ့ပြည့်နေတဲ့နှင်းဆီကဗျာလေးပါပဲ

PhyoPhyo said...

ကဗျာလေးက ချစ်စရာလေး။
သိပ်ချွဲတဲ့ နှမပဲ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးဖတ်ပြီး ရှေးခေတ်ကို ပြန်ရောက်သွားသလိုဘဲ..
ချစ်စရာ ကြည်နူးစရာကဗျာလေး..
တော်လိုက်တဲ့ ကဗျာဆရာမ.
ကြည့်ရတာ ချစ်သူများနေ့ အမီ ချစ်ချစ်ကို ချွဲဖို့ ကဗျာရေးပုံရတယ် ဟိဟိ
အားတောင်ကျသွားရတယ်။။

Angelhlaing(May everybody be happy and healthy! said...

ပန်းနဲ့ ကဗျာလေး ကလိုက်ဖက်လှစွာပဲ...ချစ်စရာ
ကောင်းနေတယ်မမ ရေ..:):)

rose of sharon said...

ကဗျာလေးလှတာ ကဗျာစပ်တဲ့သူလှလို့ဘဲဖြစ်ရမယ်...း))

ညီရဲ said...

ကဗျာကောင်းလေး တစ်ပုဒ်ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် အစ်မ...

San San Htun said...

ကဗျာလေးက အရမ်းချစ်ဖို့ ကောင်း၏

မောင်သီဟ said...

း)
မြန်မာဆန်လှတဲ့ ကဗျာလေး
ဟုတ်တယ် နူးနူးညံ့ညံ့လေးနဲ့
သဘောအတော်ကျမိသဗျာ့

မဒမ်ကိုး said...

လှလိုက်တဲ့ကဗျာလေး
အရမ်းကြိုက်တယ် မမရေ

ချစ်တဲ့

မဒိုးကန်

မအိမ်သူ said...

ရို့စ်ရေ ကျေးဇူး.. အစ်မလဲ ရို့စ်လို ၀တ္ထုလှလှလေးတွေ ရေးတတ်ချင်တာ.. ဘယ်ကစရေးရမှန်းမသိလို့... :P

ကိုလွင်ပြင်ရေ အားပေးတာကျေးဇူး..

မမေရေ.. မမေကဗျာက ကျစ်ကျစ်လစ်လစ်ကလေးနဲ့ ပိုလှတယ်။ သဘောကျလိုက်တာ.. လက်တန်းကဗျာလေးအတွက် ကျေးဇူးအထူးပါနော်။ ကူးပြီးသိမ်းထားမယ်။

နေ၀သန်ရေ ကဗျာလေးလာဖတ်တာ ကျေးဇူး..း)

မောင်မျိုးက နုနုညံ့ညံ့လေးတွေ ဖတ်ချင်တာကိုး.. :P

ကဗျာလေးကို လာအားပေးတာ ကျေးဇူးပါ ကို8ယာရေ..း)

ဂျက်စ်လို နေ့တိုင်းကဗျာတွေ အများကြီးရေးတတ်ချင်တယ်။ အစ်မက စိတ်ကူးပေါက်မှ ရေးလို့ရတာ.. အမြဲရေးလို့မရဘူး။း))

ဆရာဟန်ရေ ချစ်စဖွယ်ကဗျာလေးအတွက်ရော လာရောက်အားပေးတဲ့အတွက်ကော ကျေးဇူးပါရှင်။ ကဗျာလေးကူးပြီး သိမ်းထားပါတယ်။

ကိုထော်ဦးရေ ကဗျာလေးလန်းတယ်ဆိုလို့ ၀မ်းသာပါတယ်ရှင်။ ကဗျာဆရာမကတော့ အိုပြီရှင့်.. :P

ကိုဘိုဖြူရေ ကဗျာလေးလာဖတ်တာ ကျေးဇူးပါနော်။

ညီမဖြိုး.. ချွဲတာက မိန်းမသားတွေ အလုပ်လေ...း))

ချောရေ.. ဗယ်လင်တိုင်းနားနီးလို့ ပန်းစည်းလေးဘာလေးရမလား နည်းနည်းချွဲကြည့်တာ.. :P

ညီမလှိုင်.. နှင်းဆီပန်းကလှတော့ ပန်းကိုဖွဲ့တဲ့ကဗျာလေးကိုလဲ လှအောင်ကြိုးစားရတော့တာပေါ့ကွယ်။း))

ညီမနော်ဖော.. ကဗျာရေးတဲ့သူက အိုပါပြီကွယ်။ :D

ညီရဲရေ.. ကဗျာလေးကိုလာဖတ်တာ ကျေးဇူးနော်။

ညီမစန်းထွန်းရေ ကွန်မန့်လေးအတွက် ကျေးဇူးပဲနော်။

ကိုဘကြိုင်ရေ ကဗျာလေးကို မြန်မာဆန်တယ်ဆိုလို့ကော သဘောကျတယ်ဆိုလို့ကော ၀မ်းသာပါတယ်။ ကျေးဇူးအထူးပါနော်။

ညီမဒိုးကန်ရေ ကဗျာဖတ်ပြီး ဗယ်လင်တိုင်းကျရင် ကိုရင့်ကို ကဗျာထဲကလို ချွဲပစ်လိုက်...း))

Related Posts Plugin for WordPress, Blogger...