မင်္ဂလာပါရှင်..
အခုတစ်လော ပျောက်ချက်ကောင်းနေတာ ကြာသွားတယ်။ ကိုယ့်ဘလော့ဂ်ကော သူများဘလော့ဂ်ကော ဘယ်ဖက်မှ ခြေဦးမလှည့်နိုင်.. ဖေ့စ်ဘွတ်တွေ မေးလ်တွေလဲ အဝေးမှာ... ကွန်ပျူတာကို လှည့်မကြည့်ဖြစ်ဘဲ အတော်လေး မအားမလပ်ဖြစ်သွားတယ်။ တစ်နေကုန် အပြင်ထွက် အလည်လွန် လမ်းများနေတာလဲ ပါတာပေါ့လေ။ အခုမှ ဘလော့ဂ်ကို ပြန်ပြီး သွေးပူလေ့ကျင့်ခန်း လုပ်ရတယ်။ :))
လမ်းဘေးက မိုင်တိုင် |
ကွင်းထဲက လျှစ်စစ်ဓါတ်အားပေးတိုင် |
ဒါက ဟိုင်းဝေးကားလမ်းနံဘေးက လမ်းဘေးဈေးဆိုင်လေးတွေ။ မြန်မာပြည်လိုဘဲ။ |
ဒါကတော့ လမ်းဘေးတောင်ကုန်းလေးပေါ်က ဆက်သွယ်ရေးတိုင်တွေ |
ဒါကတော့ ဟိုတယ်ကြီးတစ်ခုရဲ့ရှေ့က တခမ်းတနားပြင်ထားတဲ့ နတ်စင် |
ဖနွမ်းပင်က ကလေးကစားကွင်းပန်းခြံထဲက ခြင်္သေ့ |
ဒါက ပန်းခြံထဲနေတဲ့မျောက် .. |
ဒါကတော့ ခမာဘုရင့်နန်းတော်ထဲက ဘုရင့်ညီလာခံ အဆောက်အဦးခေါင်မိုးပါ။ ကိန္နရီ ကိန္နရာရုပ်တွေနဲ့ ဂဠုန်ရုပ်တွေ ထမ်းထားတဲ့ အမိုး (နန်းတော်တွင်းက ဓါတ်ပုံများကို နောက်မှတင်ပေးပါမယ်။ ဒါကတော့ အမြည်းပေါ့... :D ) |
ဒါကတော့ ခေါင်းပေါ်ကပျံသွားတဲ့လေယာဉ်ပျံကို လှမ်းရိုက်ထားတာပါ။ |
ဒါကတော့ စားသောက်ဆိုင် ခေါင်မိုးပေါ်က အလှဆင်ထားတဲ့ လေယာဉ်ပျံ... |
ဒါကတော့ နန်းတော်ဝင်းအတွင်းက အန်ကောဝပ်ကျောင်းတော်ရဲ့ ပုံစံငယ်ပါ။ |
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
7 comments:
ငှက်ပျောခိုင်ကြီးက ဆန်းလိုက်တာ။ မမြင်ဖူးဘူး။
အမြည်းပို့စ်လေးတွေကို ခံစားသွားပါတယ်..း)).. ကဗ္ဒောဒီးယားလည်း ရောက်ဖူးသွားတာပေါ့..း))
ခင်မင်လျက်
နေ၀သန်
ဝိုးး.....စိတ်ဝင်စားဖို့ကောင်းလိုက်တဲ့
ဓာတ်ပုံတွေပါလား....
လာလည်ချင်ပါရဲမမအိမ်သူရေ..
ခင်မင်လေးစားလျှက်
မဒမ်ကိုး
အမြည်းပို့စ်ကနေ ဗဟုသုတတွေယူသွားပါတယ်ကွယ်။
နတ်စင်ကလည်း ကြီးကျယ်ခမ်းနားတယ်နော်။
နန်းတော်ဝင်းထဲက ငှက်ပျောခိုင်ကလည်း မမြင်ဖူးသေးဘူး မအိမ်သူရေ။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခရီးသွားပို့စ်အမြည်းလေးနဲ့တင်ကျေနပ်စရာ...ကြည်နူးစရာ...:)
အင်း.....မလေးသွားတဲ့ပို့စ်တင်တဲ့ဘလော့နဲ့တွေ့တော့
မလေးကိုသွားချင်၊ခုလိုကမ္ဘောဒီးယားအကြောင်းတင်တဲ့
ပို့စ်ကိုရောက်တော့ ကမ္ဘောဒီးယားလာချင်....:D၊
ငှက်ပြောခိုင်ကြီးကတော့ အဆန်းပဲနော်...၊
နောက် ဟိုတယ်ရှေ့ကနတ်စင်မျိုးက ယိုးဒယားမှာလဲတွေ့
ခဲ့တယ်...၊ဒီစလုံးမှာလဲရှိတယ်ဗျ....၊
ခမာပြည်က ဗမာပြည်လိုပါပဲလား မအိမ်သူရေ...cultural gap တော့ နည်းမယ်ထင်ပါရဲ့...တကယ်တော့ ဗမာပြည်က မွန်ဆိုတာကလည်း ခမာတွေရဲ့အဆက်တွေမို့ ယဉ်ကျေးမှုချင်း နီးစပ်မယ်လို့ တွေးကြည့်မိပါတယ်...ခမာတို့ရဲ့ ယဉ်ကျေးမှုတွေအကြောင်း ဖြစ်နိုင်ရင် ရေးဖို့ တက်ဂ်လိုက်ပါရစေဗျာ...
Post a Comment