Friday, July 8, 2011

ပန်းပျိုးမိသူအဖြစ်


လူတစ်ချို့လေ…
ပန်းတစ်ပင် ကိုယ်တိုင်ပျိုးဖို့အတွက်
ပလီစိချောက်ချက် စကားတွေနဲ့
ဆင်ခြေတွေပွားလို့ …

လူတစ်ချို့စကားက…
အပင်ကလေးများကို
စိတ်တော့ဝင်စားပါရဲ့ သို့ပေမယ့်
လူကမအားတဲ့ အကြောင်းတွေရယ်…

လူတစ်ချို့များကတော့…
အပင်ဆိုတာထားလို့
အယားတောင်မဖျောက်အား
အချိန်ကရှားတဲ့ အကြောင်းတွေရယ်…

အမျိုးမျိုး အထွေထွေ
အကြောင်းပြချက်တွေ ဝေေ၀ဆာဆာနဲ့
လူတစ်ချို့တွေကတော့ဆိုရဲ့
အပိုတွေမလုပ်နဲ့တဲ့…

အဲဒါနဲ့ဘဲ… …
အရိပ်တကြည့်ကြည့်နဲ့ တယုတယ
ကိုယ်ပျိုးထားခဲ့ရတဲ့ပန်း လန်းဆန်းဝေဆာ
ခက်လက်ဖြာလို့ ဖူးငုံကာ ပွင့်လာမှ…
ပန်းပျိုးဖို့ရာ ဆင်ခြေရှာကြသူများ
အလုအယက်ရောက်လာ ရက်စက်စွာနဲ့
အညှာကချိုးမယ်ကြံကြ
လုပ်ရက်ပ မစာနာ
ပျိုးသူမှာ ရင်ကွဲရချည့်
ကိုယ်ကသာ အလှကြည့်လို့
မထိရက် မကိုင်ရက်
နေ့စဉ်ရက်ဆက်
မက်မောစွာ ပျိုးခဲ့ရတဲ့ပန်း
ပွင့်လန်းလာတဲ့ တစ်ခဏမှာဘဲ
မွမွကြဲကာ ကြွေခဲ့ရ
ခြွေရက်ကြပါပေရဲ့
ပျိုးခဲ့မိသူအသည်း
ကြေကွဲခြင်းတွေအပြည့်
မချိတဲ့နှလုံး ယူကြုံးမရ
နှမြောတသစွာ… …။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 
(photos credit to Google)

11 comments:

Cameron said...

ပန်းပျိုးသူရဲ့ ခံစားချက်ကို လာဖတ်သွားပါတယ်....။

ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ပန်းပျိုးသူရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ ကိုယ်တိုင်အားမစိုက်ဘဲ အချောင်လိုချင်သူတွေက ခုခေတ်မှာ ပိုများလာတယ်လေ

မေဓာဝီ said...

ကဗျာလေး လာဖတ်သွားတယ် မအိမ်သူရေ ...
ပန်းပျိုးသူတွေရဲ့ ဘ၀ကတော့ ဒီလိုပါပဲ။

ကွန်မန့်ရေးနေရင်း ငယ်ငယ်က ဖတ်ဖူးတဲ့ ပေါက်ကရ ကဗျာတပုဒ် ခေါင်းထဲ ရောက်လာလို့ ရေးလိုက်အုံးမယ်။

ခူးမယ်လို့ကြံ
ပန်းမယ်လို့ ရည်စူး
လက်ဦးသူ အချွေစောလို့
ပေါရာက ရူး ... တဲ့။

ဟဲ ... ကျမလုပ်တာနဲ့ မအိမ်သူ ကဗျာ ခံစားချက်လေးတော့ ပျက်တော့မှာပဲ။ ခွင့်လွှတ်နော် .... သတိရလို့ ပြန်ရေးလိုက်မိတာ။ :)

mstint said...

ရင်တွင်းဖြစ်ကဗျာလေး ဝင်ဖတ်သွားတယ် မအိမ်သူရေ။
ပန်းပွင့်တစ်ပွင့်ရဲ့ တန်ဖိုးကို စိုက်ပျိုးသူသာ အသိဆုံးပေါ့နော်။
ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေသိမ့်သိမ့်ကျော် said...

အင်း တစ်ခါတစ်ရံ လူ့စိတ်ဆိုတာ အဲလိုပါပဲ။ ကဗျာလေးကို လာရောက်ခံစားသွားပါတယ်နော်။


ခင်မင်လေးစားလျက်

Anonymous said...

ပန်းပျိုးရော
ပန်းခူးသူရော တခါတခါ ပန်းချစ်သူတွေဖြစ်နေတတ်တယ်
ကဗျာလေးကောင်းတယ်ဗျာ


း) မောင်ဘကြိုင်
နေပြည်တော်မှလာသည်း)

မင်းဧရာ said...

ပန်းပျိုးမိသူ.........
ခံစားသွားခဲ့ပါတယ်။

San San Htun said...

ခံစားသွားပါတယ် ခင်ဗျား။

Angelhlaing(May everybody be happy and healthy! said...

မမရေ ခံစားအားပေးသွားတယ် ...

SHWE ZIN U said...

ကဗျာလေး ဖတ်သွားပါတယ်

ညီလင်းသစ် said...

ကဗျာလေး ဖတ်လို့ကောင်းတယ်၊ ကိုယ်တိုင် မပျိုးဘဲ လွယ်လင့်တကူ လိုက်ခူးချင်ကြတဲ့ သူတွေအလယ်မှာ တော့ ပျိုးသူမှာ မျက်ရည်စတွေနဲ့ ပေါ့....။း)

Related Posts Plugin for WordPress, Blogger...