Thursday, May 26, 2011

ချစ်ခြင်းတရားနဲ့ည


(ပုံကို Google မှယူပါသည်။)

ချစ်ခြင်းတရားနဲ့ည…
တို့ရဲ့နှလုံးသားတစ်စုံ အဲဒီညမှာတွဲကခဲ့ကြတယ်။
လင်းလက်တဲ့ကြယ်တွေရဲ့အောက်မှာ ချိုမြတဲ့နှုတ်ခမ်းတစ်စုံ ထိခတ်ခဲ့ကြတယ်။
ပန်းဥယျာဉ်ထဲက မင်းရဲ့အပွေ့အဖက်က ငါ့အတွက် အဓိပ္ပÜါယ်အများကြီး ပြည့်ဝစေခဲ့တယ်။

အချစ်အတွက်ည…
တို့နှလုံးသားတွေ ခိုဖြူတွေလို ညည်းတွားတဲ့ည
မင်းရဲ့မျက်ဝန်းတွေ လင်းလက်တဲ့စိန်တစ်ပွင့်လို တဖြတ်ဖြတ်လက်တဲ့ည
အချစ်ရေ… ငါမင်းကို အစွမ်းကုန်ချစ်တယ်ကွယ်…..။

ယုံကြည်ခြင်းနဲ့ ဂရုစိုက်ကြင်နာခြင်းတွေ ရခဲ့တဲ့ည
အချစ်ရေ… ကိုယ်တို့အတွက် အဲဒီညကို ဘုရားသခင်က ဖန်ဆင်းပေးခဲ့တယ်ကွဲ့…။      


Lamar Cole ရဲ့ "The Night Was Made For Romance" ဆိုတဲ့ အင်္ဂလိပ်ကဗျာလေးကို ဖတ်ရှု ခံစားပြီး ဆီလျော်သလို ဘာသာပြန် ရေးဖွဲ့ပါတယ်။ ဘာသာပြန်တဲ့နေရာမှာ မကျွမ်းကျင်တဲ့အတွက် အမှားအယွင်းများရှိမှာပါဘဲ။ အဲဒီလို ချို့ယွင်းချက်များအတွက် ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။ 


1 comment:

ဟန်ကြည် said...

နှလုံးသားတွေ ခိုဖြူတွေလိုညည်းတွားတဲ့ည...
လှလိုက်တဲ့ နိမိတ်ပုံ၊ တင်စားချက်ကလေး...ကဗျာသမားမို့ ကဗျာတွေတော်တော်များများ ဖတ်ဖူးပါရဲ့...ကိုယ်ကပဲ ညံ့လို့လားမသိ...ဒီတင်စားချက်ကလေးကို ဒီတစ်ခါပဲ ဖတ်ရဖူးတယ်...ကျေးဇူးတင်လိုက်တာ...

Related Posts Plugin for WordPress, Blogger...