Saturday, November 28, 2015

ကြောင်ပီသတဲ့ကြောင်




စိတ်အလျဉ်နဲ့အတူရွေ့လျားနေတဲ့ကြောင်တကောင်ဆီမှာ

လုံးစုံဝန်းကျင်ကို စွင့်ထားတဲ့နားတစုံ

အမှောင်ကို ထိုးထွင်းဖေါက်နိုင်တဲ့ အကြည့်

ဝမ်းစာနဲ့ အန္တရာယ်ခွဲခြားဖို့စူးစမ်းတဲ့ နှာခေါင်းက အနံ့ခံစွမ်းရည်

လိုအပ်တဲ့အခါ ထုတ်သုံးနိုင်ဖို့ အသင့်အနေအထားနဲ့ဖွက်ထားတဲ့ လက်သည်းများ

လှုပ်ရှားမှုတွေအားလုံး သိုသိပ်သွက်လက်စေဖို့

နုညံ့စွာလှုပ်ရှားရင်း ဟန်ချက်ကိုထိမ်းထားတဲ့ အမြီးဖျား

ပေါ့ပါးတဲ့ခန္ဓာနဲ့ မလွတ်တမ်း မြဲမြံစွာခဲထားနိုင်တဲ့ အစွယ်များ…

အားလုံးဟာ အသင့်အနေအထားမှာ…

ငါဟာ ကြောင်ပျင်းတကောင်မဟုတ်…

ကြောင်ဖျင်းတကောင်မဟုတ်…

ကြောင်ပီသတဲ့ကြောင်…။

◙ ◙ ◙ ◙ ◙ ◙ ◙

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...