Thursday, December 31, 2015

ဒီဇင်ဘာတံတား


ထွက်ခွာသွားသူရယ်…
ရောက်ရှိလာသူရယ်…
ပေါင်းကူးတံတားတစ်ခုရယ်…

ဒီတစ်သက် ပြန်ဆုံစရာမရှိတော့
နှုတ်ဆက်ခြင်းမှာ နာကျင်ကြေကွဲ
ကြိုဆိုရမယ့်သူဟာ တံတားတဖက်မှာ
အသင့်စောင့်ဆိုင်းနေခဲ့သလား
ဝမ်းမြောက်ခြင်းများနဲ့ ကမ်းတဲ့လက်
ပျော်ရွှင်ရက်တွေ ဆက်ပါရစေ
ပေါင်းကူးတံတားရဲ့ အဆုံးမှာ…

အတိတ်ဟာ တိတ်တဆိတ်ထွက်ခွာစဉ်
အနာဂတ်ဟာ လက်ကမ်းလို့လာခဲ့
ပေါင်းကူးတံတားဟာ ပစ္စုပ္ပန်လား…

ချန်ထားခဲ့ရတော့မယ်။
နောက်ထပ်ရင်ဆိုင်ရဦးမယ့်
တံတားတစ်စင်း
ဟိုးအဝေးမှာ စောင့်နေဆဲ
နှင်းမှုံမှုံထဲမှာ…

ကြုံလာဦးမယ့် အနာဂတ်
ပေါင်းကူးတံတားတွေ ဖြတ်သန်းရင်း
အတိတ်တွေဟာ လွမ်းဆွတ်ခြင်းထဲမှာ…။

 # # # #  ♥ ♥ ♥  # # # #

(အားလုံးအတွက်  ပျော်ရွင်ခြင်း အနန္တနဲ့ ငြိမ်းချမ်းခြင်းတွေကို ယူဆောင်လာမယ့်နှစ်သစ်ဖြစ်ပါစေရယ်လို့ ဆုတောင်းချင်... 
အားလုံးပဲ Happy New Year 2016 ပါရှင့်။ )


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
Related Posts Plugin for WordPress, Blogger...