Sunday, January 11, 2015

ဥတု ကဗျာ ဖွဲ့သီရာ (ဟိုက္ကူကဗျာများ)



သဘာဝလောကကြီးဟာ အမြဲတမ်းပြောင်းလဲနေတယ်။ စက္ကန့်တွေ မိနစ်တွေ နာရီတွေ ဘယ်အရာမှ ရပ်တန့်မနေခဲ့ဘူး။ အချိန်တွေက အမြဲတမ်း တရွေ့ရွေ့နဲ့… အချိန်တွေပြောင်းသလို နေ့နဲ့ညတွေလဲပြောင်း… လတွေနှစ်တွေလဲပြောင်း… ဥတုရာသီတွေလဲ အမြဲလည်ပတ်ပြောင်းလဲနေဆဲ။ အဲဒီလိုပဲ ဟောဒီ သဘာဝ လောကကြီးထဲမှာ ရှိသမျှ အရာရာဟာ ပြောင်းလဲခြင်းထဲမှာ.. ဒီတော့ ဒီသဘာဝလောကကြီးထဲ မွေးဖွားကျင်လည် နေထိုင်နေရတဲ့ လူတွေဟာလဲ အမြဲတမ်း ပြောင်းလဲခြင်း သံသရာထဲမှာ နေနေကြရတာပဲ။ ကလေးကနေ လူငယ်၊ လူငယ်ကနေ လူရွယ်၊ လူရွယ်ကနေ လူကြီး နောက်ဆုံး သင်္ချိုင်းထဲရောက်သည်ထိတောင် ပြောင်းလဲခြင်းဆိုတာတွေဟာ ရပ်တန့်မသွားခဲ့ဘူး။ လူတွေရဲ့ အသွင်သဏ္ဍာန်တွေ ပြောင်းလဲသလို စိတ်ခံစားမှုတွေဟာလဲ အချိန်နဲ့အမျှ စက္ကန့်နဲ့အမျှ ပြောင်းလဲနေကြတာ အမှန်ပဲ။ ဥတုရာသီ တောကိုမှီတဲ့။ လူတွေရဲ့ ခံစားမှုရာသီ စိတ်အတွေးပန်းချီတွေကတော့ ပတ်ဝန်းကျင်မှာ ရှိရှိသမျှသော အရာတွေပေါ်မှာ တည်မှီနေတော့တာပါပဲ။ ဒါပေမယ့်လို့ အခုပြောချင်တာကတော့ ရာသီဥတု ပြောင်းလဲတဲ့အပေါ်မှာခံစားရတဲ့ စိတ်ခံစားမှုလေးတွေကို အထူးပြုပြီး ပြောချင်တာပါ။ ဟိုက္ကူကဗျာလေးတွေနဲ့ပေါ့။ ကဗျာလေးတွေထဲက အခြေအနေလေးတွေကို စိတ်ထဲကနေ မြင်ယောင်ပြီး ကိုယ့်ခံစားရတာနဲ့ ထပ်တူကျတာလေးတွေများ ရှိမလားလို့ ဆန်းစစ်ကြည့်ရအောင်ပေါ့နော်။

နွေဦး


ပုရစ်ဖူးဝေဝေ
ရွှေဥသြကတေးဆိုနေ
လွမ်းစရာ့အခြေ။

နွေ

တောင်ပြန်လေပွေရူး
ရွက်အိုဟောင်းကြွေ မြေမှာလူး
တံလျှပ်ရိပ်ရိပ်မြူး။

မိုးဦး

မုတ်သုံလေဆော်သွေး
ဖြိုးဖြိုးဖြောက်ဖြောက်မိုးပြေးလေး
မြေသင်းရနံ့မွှေး။

မိုး

ဂျိုးဂျိမ့်ညံ ထစ်ချုန်း
ဒေါင်းဖလ်ဝါ တိမ်မဲပြာဖုံး
မိုးမည်း တအုန်းအုန်း။

ဆောင်းဦး

မြောက်ပြန်လေအေးအေး
တောင်ယာနံဘေး မြူလွှာဖွေး
ကောက်သစ်ရနံ့မွှေး။

ဆောင်း

နှင်းဖွေးဖွေးညခါ
လရောင်ဝါ မလင်းသာဘု
ချမ်းခိုက်တုန်စိမ့်အေး။

○◘○ ○◘○ ○◘○ ○◘○ ○◘○ ○◘○ ○◘○
  


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Thursday, January 1, 2015

The last moment


So long December,

Wishing I could hang on this last moment a little longer.

Yet I don’t want to say Good bye now,

But I don’t know how, to make you stay long.

This year, you brought the sorrowful matters

And you made our tears scatter.


Farewell December,

Till we meet again next year.

Come back soon after September, October, November end

I’ll count on you by every piece of sand.

When you’re coming, will you bring the splendid dreams?

Ones that may help our future gleam.

 ♥♥♥♥♥♥   ♣   ♥♥♥♥♥♥


Happy New Year to you all!


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
 
Related Posts Plugin for WordPress, Blogger...