Saturday, July 28, 2012

ခရီးသွားကြသူများ


လာချင်ရင် အနီးလေး၊ မလာချင်ရင် ခရီးဝေးတဲ့...။

လာချင်ပါလျက်နဲ့ မနီးတဲ့ခရီးတွေလည်း ရှိတာပါပဲ
ခရီးဝေးတိုင်းလည်း မလာချင်တာ မဟုတ်သလို
နီးပါလျက်နဲ့လည်း လာခွင့်မသာနိုင်ခဲ့တဲ့ခရီးမျိုးတွေကို 
ဘယ်လိုများ ဖွဲ့ဆိုရမယ်မသိနိုင်ခဲ့တော့...။

ခရီးဆိုတာကိုက...
ရည်ရွယ်တိုင်း သွားဖြစ်ချင်မှလဲ သွားဖြစ်လိမ့်မယ်။
မရည်ရွယ်ပါပဲနဲ့ ကောက်ခါငင်ခါ သွားလိုက်ရတာမျိုးလဲ ရှိတတ်သေးတယ်။

တကယ်တော့လည်း...
သွားချင်တဲ့ ခရီး...
မသွားချင်တဲ့ ခရီး...

သွားခွင့် မရှိတဲ့ ခရီး...
သွားခွင့် ရှိတဲ့ ခရီး...

ရွေးချယ်ခွင့် ရှိတဲ့ ခရီး...
ရွေးချယ်ခွင့် မရှိတဲ့ ခရီး...


နီးတဲ့ ခရီး...
ဝေးတဲ့ ခရီး...
ခရီးပေါင်းများစွာနဲ့ ဘ၀မှာ...


အမှန်တော့လည်း...
အားလုံးဟာ ဘ၀ရဲ့ခရီးသည်တွေ...


တချို့ ခရီးက တိုတယ်။
တချို့ ခရီးက ရှည်တယ်။
တချို့ ခရီးက ဖြောင့်တယ်။
တချို့ ခရီးက ကောက်တယ်။
တချို့က ရိုးရှင်း သလောက်
တချို့ကတော့ ၀င်္ကပါလိုလျှောက်...
ခရီးဆိုကတည်းက စပြီးရင် ဆုံးရမယ်လေ...။


ခရီးတွေက မတူညီလည်း
ဆုံမှတ်ကတော့ တစ်ခုတည်း...
ကဲ...
ခရီးသွားအပေါင်းတို့ရေ..
တစ်ချိန်ချိန်မှာတော့ 
ရှောင်လွဲလို့မရနိုင်တဲ့ 
ခရီးဆုံး ပန်းတိုင်တစ်ခုမှာ
တို့တွေအားလုံး ဆုံကြမယ်ကွဲ့ ...။


^ v ^ v ^ v ^ v ^ v

(မြန်မာပြည် ခရီးစဉ် အမှတ်တရအဖြစ် ရေးဖွဲ့ပါသည်။)


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

Related Posts Plugin for WordPress, Blogger...