ငါလွမ်းနေတယ် တောင်သမန်ရေ …
မင်းသတင်းတွေကို အဝေးကနေနားစွင့်လို့…
တို့ဝေးခဲ့တာ အနှစ် နှစ်ဆယ်တောင်ရှိပါပေါ့လား…
ငါချစ်တဲ့တောင်သမန်ဟာ..
ဟိုး.. အရင်ကအတိုင်းပဲရှိပါစေ…။
အင်းရေတိုးချိန်အခါက
တောင်သမန်ရေသင်ဖျူးမှာ
ငှက်သမ္ဗန်နဲ့ ကူးခဲ့ရတာကို လွမ်းနေတယ်။
နှင်းငွေ့မှုံမှုံနဲ့ မြူခိုးတွေဝေနေတဲ့
တောင်သမန်ရဲ့ အေးမြမြဆောင်းမနက်ခင်းတွေထဲ
ဟိုး.. အရင်အခါတွေတုန်းကလို
အကြော် ပူပူနွေးနွေးကိုဝါးရင်း
ရေနွေးပူပူလေးနဲ့ မြည်းလိုက်ချင်သေးတယ်…။
တောင်သမန်ရေ…
ငါသတိရနေတုန်းပဲ..
တံလျှပ်တွေကြားမှာ
အင်းထဲက ယာခင်းစိမ်းစိမ်းတွေက
ယိမ်းနွဲ့နေသလိုလို…။
တောင်သမန်ရေ…
အမှတ်ရနေအုံးမလား…
ငါ့အပေါင်းဖေါ်သဟာတွေနဲ့
မင်းဆီကို ငါ အလည်လာခဲ့တဲ့တစ်ခေါက်
အညာနွေပူပူအောက်က အင်းခြောက်ခြောက်ထဲ
ဖုံထူထူ လှည်းလမ်းကြောင်းတစ်လျှောက်မှာ
နွားခြေရာကောက်တမ်းကစားခဲ့ဖူးသေးတယ်။
တောင်သမန်ရေ…
မင်းထမ်းပိုးထားတဲ့ တံတားကြီးပေါ်ကနေ
ငါ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးတဲ့အချိန်တွေကို လွမ်းတယ်။
တောင်သမန်ရေ…
တံတားအောက်က တိုင်လုံးတွေကြားမှာ…
မယ်ဇယ်ပင်တန်းရဲ့ အရိပ်တွေအောက်မှာ…
စိတ်လွတ်လပ်ပေါ့ပါးစွာနဲ့
ဟိုးတစ်ချိန်တုန်းကလို ငါလမ်းလျှောက်ချင်သေးတယ်။
တောင်သမန်ရေ ငါလွမ်းနေလို့…
အခွင့်အရေးရလို့များ ငါပြန်လာခဲ့ရင်
ဟိုး.. အရင်ကလိုပုံစံမျိုးနဲ့
တောင်သမန်ရေ... ငါ့ကိုကြိုပါအုံးလား…။
@ @ @ *** @ @ @ *** @ @ @
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။
8 comments:
တောင်သမန်ရေ...ကဗျာလေးဖတ်ပြီးတော့ ညနေလေညှင်းခံလေးတောင်သွားချင်ပြီ...
ကဗျာလေးကောင်းတယ် ကြိုက်တယ်
ခင်မင်တဲ့
seesein
တောင်သမန်လေးကို ခံစားသွားပါတယ်
အင်းတောင်သမန်ဆိုပြီး ကဗျာတပုဒ်ရေးဖူးတယ်
တောင်သမန်ရဲ့အလှနဲ့သမိုင်း ကိုပေါ့
လက်ရှိ တံတားဘေးမှာရှိတဲ့ အင်းထဲက သစ်ပင်ခြောက်ကြီးကိုသတိရတယ် ရောက်ရင် လေဖြူးဖြူးနဲ့ စိတ်မြေ့စရာနေရာတခုအဖြစ် ခံစားခဲ့မိတယ်
ကွန်နယ်ရှင်မကောင်းဖူး
ချင်းတွင်းမြစ်နားကဘလော့လာလည်သွားတယ်း)
အမကဗျာကိုဖတ်ပြီး တောင်တမန်အင်းကိုလွမ်းသွားပီ..။ အမပေးခဲ့တဲ့ လက်ကောက်လေးက ချစ်စရာလေး သွားယူပြီးပြီနော် ကျေးဇူးအများကြီးတင်ပါတယ်...။
မယ်ဇယ်ပင်တန်းအောက်က အကြော်ဆိုင်ကိုလွမ်းသွား
တယ်အစ်မရာ.....၊ကဗျာလေးသိပ်လှတယ်....။
တောင်သမန်ရေ…
တံတားအောက်က တိုင်လုံးတွေကြားမှာ…
မယ်ဇယ်ပင်တန်းရဲ့ အရိပ်တွေအောက်မှာ…---
ခပ်ငယ်ငယ်က ရောက်ခဲ့ဖူးတယ်
အပေါ်ကစာပိုဒ်လေးကို မျက်စိထဲမြင်ပြီး
လွမ်းသွားပါတယ် မအိပ်သူရေ
လင့်တွေပျက်သွားလို့ ခုပြန်ချိပ်လိုက်ပါ့မယ်
ခင်မင်တဲ့ jasmine
တောင်သမန်က မအိမ်သူကို ဝမ်းမြောက်ဝမ်းသာ ကြိုနေတယ် မဟုတ်လား..
တောင်သမန်ကတော့ ဘယ်ချိန်ကြည့်ကြည့် ကြည့်မဝတဲ့ အလှတစ်ပါးပါဘဲ အစ်မရေ..
တောင်သမန်ကဗျာလေးဖတ်ပြီး လွမ်းသွားတယ် အမ..တောင်သမန်က အကြော်က တကယ်စားကောင်းတယ်..
Post a Comment