Monday, January 30, 2012

My Wish...

My Wish

If I could have just one wish,
I would wish to wake up everyday
to the sound of your breath on my neck,
the warmth of your lips on my cheek,
the touch of your fingers on my skin,
and the feel of your heart beating with mine...
Knowing that I could never find that feeling
with anyone other than you.

                                         By - Courtney Kuchta

ကိုယ့်ဆန္ဒ

ကိုယ့်ဆန္ဒအတိုင်းသာ
တောင်းဆုပန်ခွင့်ရခဲ့မယ်ဆိုရင်
ကိုယ်ဆုတစ်ခုတောင်းချင်ပါတယ် ခင်…
ကိုယ့်လည်တိုင်နားက မင်းရဲ့ တိုးဖွဖွ အသက်ရှုသံလေးရယ်…
ကိုယ့်ပါးပေါ်က မင်းနှုတ်ခမ်းအစုံရဲ့နွေးထွေးမှုလေးရယ်…
မင်းလက်ကလေးများရဲ့ နုညံ့တဲ့အထိအတွေ့ရယ်…
နောက်ပြီးတော့…
ထပ်တူကျတဲ့ ကိုယ်တို့နှစ်ဦးရဲ့ သံစဉ်ညီ ရင်ခုန်သံလေးများရယ်…
ဒီခံစားမှုတွေဟာ မင်းထံပါးကလွဲလို့
အခြားတစ်ပါးသူဆီက ဘယ်သောခါမှမရနိုင်ဆိုတာ
သိပ်သေချာလွန်းနေတဲ့ အသိတွေနဲ့
ကိုယ့်ရဲ့မနက်ခင်းတွေတိုင်းမှာ
အမြဲနိုးထခွင့် ရပါစေရယ်လို့သာ …။

(Courtney Kuchta ရဲ့ My Wish ဆိုတဲ့ ကဗျာလေးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ အမှားအယွင်း များရှိပါက မအိမ်သူရဲ့ ဘာသာပြန်အားနည်းမှုသာလျှင်ဖြစ်ပါကြောင်း... )

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

17 comments:

ခရစ္စတလ် said...

ညီမကတော့ ငှက်လေးတွေ တေးသီသံနဲ့ နိုးထနေရသော နံနက်ခင်းများဖြစ်ပါတယ် အစ်မရေ :)

စံပယ်ချို said...

ဘာသာပြန်ထားပေးတဲ့ကဗျာလေးက
အဓိပ္ပါယ်လေးနက်ပြီ ခံစားဖို့ကောင်းတဲ့ကဗျာလေးပါ
အမအိမ်သူရေ

mstint said...

ကဗျာလေးကရိုးရိုးအေးအေးလေးနဲ့
ဆန္ဒလေးတွေတောင်းဆိုသွားတယ်နော်။
ကဗျာလေးကိုခံစားသွားတယ်မအိမ်သူရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

အရမ်းကြိုက်တာပဲ ကိုယ်နဲ့နဲနဲတိုက်ဆိုင်သွားလို့ထင်တယ်......။

ထော်ဦး said...

ဖတ်ပြီး လွမ်းငွေ့ တွေဝေနေရသလို ခံစားရပါတယ်
အင်း..တစ်ယောက်လောက် ရှာမှ ဖြစ်တော့မယ် ထင်ပါရဲ့ 
အစ်မအိမ်သူရေ...ချစ်ရတဲ့ သူနဲ့ ထာဝရပျော်ရွှင်ပါစေလို့ 
ဆုတောင်းပေရင်းနဲ့ ...
ထော်ဦး

နေ၀သန် said...

း).. နူးညံ့တဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်သလို ချစ်သူကို ဖြေသိပ်စေမယ့် အကောင်းဆုံး တေးသွားလေးလို့လည်း ဆိုနိုင်မလား မအိမ်သူ...း)...

ခင်မင်လျက်
နေ၀သန်

San San Htun said...

ကဗျာလေးက ကောင်းလိုက်တာ မမရေ

မဒမ်ကိုး said...

ကဗျာလေးမှာခင်ဆိုတဲ့အသုံအနှုန်းလေးက ပိုကဗျာဆန်သွားသလားလို့ထင်မိတယ်

ချစ်တဲ့

မဒိုးကန်

ညီလင်းသစ် said...

ကဗျာလေးက နူးနူးညံ့ညံ့လေး...၊ ကဗျာကို ဘာသာပြန်တာ အင်မတန်မှ အန္တရာယ်ကြီးတဲ့ အလုပ် ဆိုပေမယ့် မအိမ်သူ ဘာသာပြန်ထားတာ ညက်ညောပြီး စီးဆင်းမှု ကောင်းပါတယ်၊ မူရင်းရော ဘာသာပြန်ရော ချစ်စရာ ကောင်းကြတယ်...။

ဘိုဖြူ said...

အတော်ကိုနူးညံ့ သိမ်မွေ့တဲ့ကဗျာလေးပါဗျာ

Anonymous said...

ဘာသာပြန်စာပေတွေမှာ ဘာသာပြန်သူရဲ့ အရည်အချင်းကို အလွယ်တကူ ရိပ်စားသိရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်ဆရာမ။ ဘာသာပြန်သွားတဲ့ အရေးအသားကိုဖတ်ပြီး ဘာသာပြန်သူဟာ မြန်မာစာပေ၊ အင်္ဂလိပ်စာပေ ဘယ်လောက်နှံ့စပ်ကျွမ်းကျင်တယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဆရာမအရေးအသားကတော့ ဘယ်လို ဆိုတာ ပြောနေဖို့ မလိုတော့ဘူးထင်တယ်နော်။ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးအများကြီးတင်သလို အင်္ဂလိပ်-မြန်မာ ဘာသာပြန် မှုကိုပါ လေ့လာခွင့်ရတာမို့ ဆရာမကိုတော့ ကိုးရီးယားလိုပြောရရင် ဂမ်ဆမ်မီသာ ပါခင်ဗျာ။

Angelhlaing(May everybody be happy and healthy! said...

နူးညံ့တဲ့ ကဗျာအရေးသားနဲ့ ဘာသာပြန်စွမ်းအားတွေ ပေါင်းစပ်ထားတဲ့ ကဗျာလေး ဖတ်ခွင့်ရလို့ ကျေးဇူးပါမမရေ... ခံစားအားပေးလျှက်...

ညီရဲ said...

ကဗျာလေး ကောင်းလိုက်တာ...

အလင်းသစ် said...

ကဗျာလေးက ဘာသာပြန်သူရဲ့ စိတ်ညွှတ်နူးမှုကြောင့်
ပိုပြီးများ လှသွားလေးသလား... ။။

မြတ်ပန်းနွယ် said...

ဘာသာပြန်တာလေး အရမ်းလှတယ်။

ခင်မင်စွာဖြင့်
မြတ်

...အလင်းစက်များ said...

အဖွဲ့ အနွဲ့ ပေါ့..... အဲ့ဒါပေါ့... ဘာသာပြန်တယ် ဆိုတာထက် အရေးအသားပေါ့နော်.... အဲ့ဒါ ပေါ့နော်။ ကောင်းတယ် သိလား :D :D :D

စကားမစပ် အိကုကို ခရမ်းချဉ်သီးတွေ လက်ဆောင် ထည့်ပေးလိုက်သေးလား :D :D :D

အဖြူရောင်နတ်သမီး said...

ကဗျာကောင်းလေး ဖတ်သွားပါတယ် ချစ်မရေ..

Related Posts Plugin for WordPress, Blogger...