Monday, November 28, 2011

ကမ္ဘာတစ်ဝှမ်းမှ ခြောက်လှန့်မှုဖြစ်စဉ် မှတ်တမ်းများ


၁။ တေစၧသေဘာၤႀကီး

ကမ်းမမြင် လမ်းမမြင် အပြောကျယ်လှတဲ့ ပင်လယ် သမုဒ္ဒရာထဲက 
ထူးဆန်းသောဇာတ်လမ်းများထဲမှာ အကြိမ်ကြိမ်ဖေါ်ပြပြီး မှတ်တမ်းတင်
ခြင်းခံရတဲ့ တစ္ဆေသဘောင်္ကြီး တစ်စင်းကတော့ Flying Dutchman လို့
ခေါ်တဲ့ ၁၇ ရာစုခေတ်လောက်က ရှေးခေတ် ရွက်သဘောင်္ကြီးတစ်စင်းပါ။ 
သမုဒ္ဒရာထဲမှာ သွားလာနေတဲ့ သဘောင်္များနဲ့ သဘောင်္သားများ အတွက် 
Flying Dutchman တစ္ဆေသဘောင်္ကြီးဟာ ကံကြမ္မာဆိုးများကို ယူဆောင်
လာတတ်ပါတယ်။ 


အဲဒီ ထူးဆန်းတဲ့ တစ္ဆေသဘောင်္ကြီးကို ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့ခဲ့ကြရတဲ့ 
ပင်လယ်ပြင်ထဲက ခြောက်လှန့်မှု ဇာတ်လမ်းများထဲမှာ ထင်ရှားတဲ့ 
မှတ်တမ်းတစ်ခုကတော့ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်လောင်းလျာလေး 
George V ရဲ့ နေ့စဉ်မှတ်တမ်းဖြစ်ပါတယ်။ အင်္ဂလန်ပြည့်ရှင်ပဉ္စမမြောက်
ဂျော့ဘုရင် အလောင်းအလျာ အသက် ၁၆နှစ်အရွယ် အိမ်ရှေ့မင်းသား
ဘ၀က ဗြိတိန် ဘုရင့်ရေတပ်မတော်မှာ သဘောင်္အရာရှိငယ်အဖြစ် 
အမှုထမ်းစဉ် H.M.S Inconstant စစ်သဘောင်္ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ
ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ကို သူ့ရဲ့နေ့စဉ်မှတ်တမ်းစာအုပ်မှာ ရေးသား 
မှတ်တမ်းတင် ထားခဲ့ပါတယ်။ စစ်သဘောင်္နဲ့ သွားခဲ့တဲ့ ခရီးစဉ်တွေနဲ့ အဖြစ်အပျက်တွေကို နေ့ရက်အလိုက် နေ့စဉ်မှတ်တမ်းထဲ ရေးသွင်း 
ထားခဲ့ရာမှာ ၁၈၈၁ ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့ရဲ့ မှတ်တမ်းမှာ
တွေ့ရှိရေးသားထားချက်များက တကယ်ကို ရှင်းရှင်းလင်းလင်းနဲ့ 
တိတိကျကျ ရှိလွန်းလှပါတယ်။ ဂျော့မင်းသားက မှတ်တမ်းထဲမှာ...
“မနက် ၄ နာရီတိတိ အချိန်မှာ Flying Dutchman ဟာ
ကျွန်တော်တို့ရဲ့ သဘောင်္ဦးကနေ ဖြတ်သန်းသွားခဲ့တယ်။”
လို့ စပြီးရေးထားတယ်။ ပြီးတဲ့နောက် အိမ်ရှေ့မင်းသားက သူကိုယ်တိုင်
မြင်တွေ့လိုက်ရတဲ့ Flying Dutchman ကို ဆက်လက်ပြီး ပုံဖေါ်ရေးသား
ထားတာကတော့...
“အလွန်ထူးဆန်းတဲ့ စူးစူးရှရှ အနီရောင် အလင်းတန်းကြီးတွေက
တစ္ဆေသဘောင်္ကြီးတစ်စင်းလုံးကို တောက်ပစွာနဲ့ လွှမ်းခြုံထားတယ်။
အဲဒီလို ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြာထွက်နေတဲ့ တောက်ပတဲ့
အနီရောင် ရောင်စဉ်အလင်းတန်းကြီးတွေရဲ့ အလယ်မှာတော့
မိုးထိထောင်တက်နေတဲ့ ရွက်တိုင်မားမားကြီးတွေမှာ တက်စုံရွက်စုံ
လႊင့္တင္ထားတဲ့ တေစၧ ရြက္သေဘာၤႀကီးက သေဘာၤဦးကေန
ကိုက် ၂၀၀ လောက်အကွာ နေရာမှာ ထင်ထင်ရှားရှား ထီးထီး
မားမားကြီး ရပ်တည်နေခဲ့တယ်။”
ကုန်းပတ်ပေါ်က တာဝန်ကျ သဘောင်္သားလေးတစ်ယောက်က 
တစ္ဆေသဘောင်္ကြီးကို စမြင်မြင်ချင်းမှာပဲ အင်မတန်ထူးဆန်းတဲ့ 
သဘောင်္ကြီးတစ်စင်းကို သဘောင်္ဦးမှာ တွေ့မြင်ရတဲ့အကြောင်း 
ချက်ချင်းပဲ သတင်းပို့ခဲ့တဲ့အတွက် အဲဒီအချိန်မှာ တာဝန်ကျနေတဲ့ 
သဘောင်္အရာရှိနဲ့အတူ အခြားသဘောင်္သား ဆယ့်တစ်ယောက်ပါ 
မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခွင့် ရခဲ့လိုက်ကြတယ်။ အဲဒါအပြင်
H.M.S Inconstant စစ်သဘောင်္နဲ့အတူ စစ်ဆင်ရေးခရီးစဉ်မှာ 
အတူတကွပါတဲ့ အခြားစစ်သဘောင်္နှစ်စင်းပေါ်က သဘောင်္သားများ 
ဆီကလဲ အင်မတန်ထူးဆန်းတဲ့ စူးစူးရှရှ ရောင်စဉ် အလင်းတန်းတွေကို သဘောင်္ပေါ်ကနေ မြင်တွေ့ကြရတဲ့အကြောင်း ဆက်သွယ်ရေးစက်ကနေ 
ဆက်သွယ်ပြောကြားလာခဲ့တယ်။ တစ္ဆေသဘောင်္ကြီးရဲ့ကိုယ်ထင်ပြမှုဟာ
ကံကြမ္မာဆိုးတွေကို ယူဆောင်လာတတ်တဲ့ ထုံးစံအတိုင်း နေ့တောင် မကူးလိုက်ရဘဲ ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကို
H.M.S Inconstant သဘောင်္ပေါ်မှာ ဖြစ်ပွားစေခဲ့ပါတယ်။ 
အဲဒီ ကြေကွဲစရာအဖြစ်ဆိုးဟာ တစ္ဆေသဘောင်္ကြီးကို တွေ့မြင်လိုက်ရပြီး 
သိပ်မကြာခင်နာရီပိုင်းအတွင်းမှာ စိတ်မကောင်းစရာ ဖြစ်ပျက်သွားခဲ့တာ
ဖြစ်ပါတယ်။ မင်းသားငယ် ဂျော့ရဲ့မှတ်တမ်းမှာ ဆက်လက်ပြီး အဲဒီ အဖြစ်အပျက်ကို ရေးသားထားတာကတော့ ...
“မနက် ၁၀ နာရီ ၄၅ မိနစ်မှာတော့ ဒီနေ့မနက်စောစောက
တစ္ဆေသဘောင်္ Flying Dutchman ကိုတွေ့တဲ့အကြောင်း
တာဝန်ကျအရာရှိကို ပထမဦးဆုံးသတင်းပို့ခဲ့တဲ့ ကုန်းပတ်စောင့်
သဘောင်္သားလေးဟာ သူတာဝန်ထမ်းဆောင်နေတဲ့
ပင်မရွက်တိုင်ကြီးရဲ့ ထိပ်ဖျားကနေ သဘောင်္ဦးက
ကုန်းပတ်ပေါ်ကို မတော်တဆ ပြုတ်ကျပြီး တစ်ကိုယ်လုံး
ရစရာမရှိအောင် စိစိညက်ညက်ကြေပြီးတော့ အသေဆိုးနဲ့
ကွယ်လွန်သွားခဲ့ရတယ်။ (အဲဒီနေရာမှာ ဂျော့မင်းသားက
သူ့ရဲ့မှတ်တမ်းမှာ “he was smashed to atoms...” လို့
သုံးနှုန်းရေးသားထားခဲ့တယ်။) အဲဒီတပ်သားလေးဟာ ထူးချွန်
ထက်မြက်ပြီး အင်မတန် တာဝန်ကျေပွန်တဲ့ လူငယ်လေးတစ်ဦး
ဖြစ်တဲ့အပြင် သူ့အလုပ်အပေါ်မှာ အလွန်ကိုသစ္စာရှိတဲ့
ကုန်းပတ်စောင့် ၀န်ထမ်းကလေးလဲ ဖြစ်တယ်…
ဒီသဘောင်္ပေါ်မှာရာထူးတက်ဖို့ အားလုံးကမျှော်လင့်ထားကြတဲ့
လူငယ်လေးတွေထဲမှာ အလားအလာအကောင်းဆုံး
တပ်သားလေးတစ်ယောက်… အဲဒီလို သဘောင်္သားလေး
တစ်ယောက်ကို မမျှော်လင့်ဘဲ ဒီလိုဆိုးရွားလှတဲ့အဖြစ်ဆိုးမျိုးနဲ့
ဆုံးရှုံးခဲ့ရတဲ့အတွက် သဘောင်္တစ်စင်းလုံးက၀န်ထမ်းတွေအားလုံး
စိတ်မကောင်းခြင်းကြီးစွာနဲ့ ကြေကွဲဝမ်းနည်းခဲ့ရတယ်…”
လို့ ဖေါ်ပြ မှတ်တမ်းတင်ထားခဲ့ပါတယ်။
* * * * * * * * * * * * *
အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

(Tony Allan ရဲ့ Tales of Real Haunting မှ မှတ်တမ်းများကို
ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ရုပ်ပုံကိုတော့
Google Image ကနေ ယူထားပါတယ်။)  

17 comments:

rose said...

တစ္ဆေ သင်္ဘောကြီး အကြောင်း လာဖတ်သွားတယ် အစ်မအိမ်သူ...။

phocuit said...

စိတ်ဝင်စားဖို.ကောင်းတယ်(အထူးအဆန်းဝါသနာပါတဲ.သူ)

ကြောင်ဖြုများရှင် said...

George V ရော နန်းတက်တဲ့ အချိန် ပြသနာတွေ များ ကြုံတွေ့ ရလေမလား။ ဆက်သိရရင် သိပ်ကောင်းမယ်ဗျာ။ Flying Dutchman ကိုတော့ Pirate of Caribbean မှာ ကြားဖူးနေကြပါပဲ။

စံပယ်ချို said...

စိတ်ဝင်စားဖို့ကောင်းတယ်မအိမ်သူရေ
ထူးထူးဆန်းဆန်းလေးလဲဖြစ်တယ်
ခင်ခင်မင်မင် jasmine

မဒမ်ကိုး said...

မမကလဲ ကြောက်ပါတယ်ဆိုမှ
စိတ်လဲဝင်စားတယ်
ကြောက်လဲကြောက်တယ်း(

8Yar said...

ဖတ်လို့ကောင်းတယ် အစ်မအိမ်သူရေ။ များများတင်နော်။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

ခရစ္စတလ် said...

ခေါပုတ်လေးစားပြီး ဒီဇာတ်လမ်းကို ရုပ်ရှင်ကြည့်နေသလို စိတ်ကူးယဉ်သွားတယ် အစ်မရေ :P

နေ၀သန် said...

သင်္ဘောတစ္ဆေကတော့ တော်တော်ဆိုးတယ်ပြောတယ်... တကယ်ခြောက်ရင် ပြေးစရာမြေလည်းမရှိဘူးလေ...း))

ခင်မင်လျက်
နေ၀သန်

Maung Myo said...

ဇာတ်ကားလေး ဘာလေးရှိ ကောင်းမယ်နော့်း)))

အဲ့တာမျိုးလေးတွေလည်း ကြည့်ချင်တယ် ။

ညီလင်းသစ် said...

အဲဒီသင်္ဘောကြီး အခုကော ရှိသေးလား မသိဘူး၊ သူက ဘယ်လိုဖြစ်ပြီး တစ္ဆေသင်္ဘောဖြစ်လာတာလဲ ဆိုတာပါ သိရရင် ကောင်းမယ်၊ ဂျော့မင်းသားရဲ့ စိစိညက်ညက် ကြေတာကို သုံးထားတဲ့ အသုံးကိုတော့ အရမ်း သဘောကျသွားတယ်..။း)

ဟန်ကြည် said...

ရှိသပါ့ မောင်မျိုးရယ် The ghost ship ဆိုတဲ့ ကားပေါ့...

မအိမ်သူ အလုပ်နည်းနည်းအားလာတဲ့ သဘောမှာရှိတယ်...ပို့စ်လေးတွေ ခပ်စိပ်စိပ်ဖတ်လာရလို့...တစ္ဆေအကြောင်းတွေကတော့ ဘယ်အချိန်ဖတ်ဖတ် အရသာတစ်မျိုးရှိနေတာပါပဲ...အဲဒီသင်္ဘောအကြောင်းကို ကြားဖူးပေမယ့် ဂျော့မင်းသားရဲ့မှတ်တမ်းကိုတော့ အခုမှပဲ ကြားဖူးပါတော့တယ်...ကျေးဇူးပါ အစ်မရေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်
သိပ်ကြောက်စရာမကောင်းလို့ ညလာဖတ်တာ ဟိဟိ
မဟုတ်ရင် ညမဖတ်ရဲဘူး... အိပ်မပျော်ရင်ဒုက္ခ
မီးဖွင့်အိပ်ရတာ ဒုက္ခ၊ အသံတိုးတိုးကြားရင် ဒုက္ခ
ဒုက္ခတွေ များလွန်းလို့ ကြောက်စရာဆို ညဘက် ဖတ်ဘူး..
နောက်ထပ် ရှိသေးရင်ရေးပါဦး အစ်မ
စိတ်ဝင်စားတယ်.။

ကိုဇော် said...

အရင်က တော်တော် ရှာဖတ်ခဲ့ဖူးတယ်။ စိတ်ဝင်စားလို့...။ အခုလည်း စိတ်ဝင်စားပါသေးတယ်။

PhyoPhyo said...

စာဖတ်ပြီး တစ္စေသင်္ဘောကားကြည့်ချင်လာပြီ။
ကြည်ဖူးတယ်ထင်တယ်၊ မှတ်မိတော့ဘူး။
တစ္စေသင်္ဘောအကြောင်းဖတ်ရတာ သဘောကျလိုက်တာ။

ညိမ်းနိုင် said...

အင်း.....ထူးတော့ထူးဆန်းသားဗျနော်.....၊နောက်ထပ်
လည်းရေးပါဦးဗျာ....အဲ့သာမျိုးလေးတွေ...၊စိတ်ဝင်စား
လို့ရယ်....။

mstint said...

ရှားရှားပါးပါး ထူးဆန်းဇာတ်လမ်းလေးတွေ ဖတ်ရတာ အရသာတစ်မျိုးပေါ့ မအိမ်သူရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မုတ်သုံမိုးဦး said...

သရဲတစ္ဆေတွေအကြောင်း ဆက်ဦးမယ်ဆိုလို့
စောင့်ရင်း.. အခုဝင်ဖတ်ဖြစ်သွားပါပြီ။
ကျေးဇူးတင်ပါတယ်။ လာမယ့် နှစ်သစ်မှာ လည်း အရာရာအဆင်ပြေပါစေဗျား။

Related Posts Plugin for WordPress, Blogger...