Wednesday, July 27, 2011

အမြည်းပို့စ်...

မင်္ဂလာပါရှင်..
အခုတစ်လော ပျောက်ချက်ကောင်းနေတာ ကြာသွားတယ်။ ကိုယ့်ဘလော့ဂ်ကော သူများဘလော့ဂ်ကော ဘယ်ဖက်မှ ခြေဦးမလှည့်နိုင်.. ဖေ့စ်ဘွတ်တွေ မေးလ်တွေလဲ အဝေးမှာ... ကွန်ပျူတာကို လှည့်မကြည့်ဖြစ်ဘဲ အတော်လေး မအားမလပ်ဖြစ်သွားတယ်။ တစ်နေကုန် အပြင်ထွက် အလည်လွန် လမ်းများနေတာလဲ ပါတာပေါ့လေ။ အခုမှ ဘလော့ဂ်ကို ပြန်ပြီး သွေးပူလေ့ကျင့်ခန်း လုပ်ရတယ်။ :))

ရေးစရာအကြောင်းတွေတောင် စုထားတာ ဦးနှောက်ကို ပြန်နွှေးရဦးမယ်။ အခုလောလောဆယ်တော့ ဘာပို့စ်မှ ထွက်မလာသေးခင် သွားရင်းလာရင်း ရိုက်ထားတဲ့ ပုံလေးတစ်ချို့ တင်လိုက်ပါတယ်။ အပျင်းပြေ ကြည့်ရအောင်ပေါ့။ ပုံတွေက တွေ့ရာရိုက်ထားတာဆိုတော့ အစီအစဉ်တကျရှိမှာတော့ မဟုတ်ဘူး။ နောက်မှ ခရီးသွားရင်း တွေ့ခဲ့တာလေးတွေ သပ်သပ်တင်ပါမယ်။ အခုကတော့ အမြည်းသဘောဘဲ ဆိုပါတော့...

လမ်းဘေးက မိုင်တိုင်

ကွင်းထဲက လျှစ်စစ်ဓါတ်အားပေးတိုင်

ဒါက ဟိုင်းဝေးကားလမ်းနံဘေးက လမ်းဘေးဈေးဆိုင်လေးတွေ။ မြန်မာပြည်လိုဘဲ။

ဒါကတော့ လမ်းဘေးတောင်ကုန်းလေးပေါ်က ဆက်သွယ်ရေးတိုင်တွေ

ဒါကတော့ ဟိုတယ်ကြီးတစ်ခုရဲ့ရှေ့က တခမ်းတနားပြင်ထားတဲ့ နတ်စင်

ဖနွမ်းပင်က ကလေးကစားကွင်းပန်းခြံထဲက ခြင်္သေ့

ဒါက ပန်းခြံထဲနေတဲ့မျောက် ..

ဒါကတော့ ခမာဘုရင့်နန်းတော်ထဲက ဘုရင့်ညီလာခံ အဆောက်အဦးခေါင်မိုးပါ။ ကိန္နရီ ကိန္နရာရုပ်တွေနဲ့ ဂဠုန်ရုပ်တွေ ထမ်းထားတဲ့ အမိုး (နန်းတော်တွင်းက ဓါတ်ပုံများကို နောက်မှတင်ပေးပါမယ်။ ဒါကတော့ အမြည်းပေါ့... :D )

ဒါကတော့ ခေါင်းပေါ်ကပျံသွားတဲ့လေယာဉ်ပျံကို လှမ်းရိုက်ထားတာပါ။

ဒါကတော့ စားသောက်ဆိုင် ခေါင်မိုးပေါ်က အလှဆင်ထားတဲ့ လေယာဉ်ပျံ...

ဒါကတော့ နန်းတော်ဝင်းအတွင်းက အန်ကောဝပ်ကျောင်းတော်ရဲ့ ပုံစံငယ်ပါ။

နန်းတော်ဝင်းထဲက ငှက်ပျောပင်နဲ့ ငှက်ပျောဖူး။ အဲဒီငှက်ပျောဖူးက တဖြည်းဖြည်းနဲ့ မြေကြီးနဲ့ထိတဲ့အထိ ငှက်ပျောခိုင်တွေကရှည်တယ် ။ ဒီတစ်ခေါက်သွားတာ အဲဒီလောက်ရှည်တဲ့အဖူး မရှိလို့ ဒါဘဲရိုက်ခဲ့ရတာ။ အရင်ခေါက်တွေသွားတုံးက ပုံတွေပြန်ရှာလို့တွေ့ရင် အဲဒီလို မြေကြီးနဲ့ထိနေတဲ့ ငှက်ပျောဖူးပုံတင်ပေးပါအုံးမယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

7 comments:

မြစ်ကျိုးအင်း said...

ငှက်ပျောခိုင်ကြီးက ဆန်းလိုက်တာ။ မမြင်ဖူးဘူး။

နေ၀သန် said...

အမြည်းပို့စ်လေးတွေကို ခံစားသွားပါတယ်..း)).. ကဗ္ဒောဒီးယားလည်း ရောက်ဖူးသွားတာပေါ့..း))

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

ဝိုးး.....စိတ်ဝင်စားဖို့ကောင်းလိုက်တဲ့
ဓာတ်ပုံတွေပါလား....

လာလည်ချင်ပါရဲမမအိမ်သူရေ..

ခင်မင်လေးစားလျှက်
မဒမ်ကိုး

mstint said...

အမြည်းပို့စ်ကနေ ဗဟုသုတတွေယူသွားပါတယ်ကွယ်။
နတ်စင်ကလည်း ကြီးကျယ်ခမ်းနားတယ်နော်။
နန်းတော်ဝင်းထဲက ငှက်ပျောခိုင်ကလည်း မမြင်ဖူးသေးဘူး မအိမ်သူရေ။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ခရီးသွားပို့စ်အမြည်းလေးနဲ့တင်ကျေနပ်စရာ...ကြည်နူးစရာ...:)

ညိမ်းနိုင် said...

အင်း.....မလေးသွားတဲ့ပို့စ်တင်တဲ့ဘလော့နဲ့တွေ့တော့
မလေးကိုသွားချင်၊ခုလိုကမ္ဘောဒီးယားအကြောင်းတင်တဲ့
ပို့စ်ကိုရောက်တော့ ကမ္ဘောဒီးယားလာချင်....:D၊
ငှက်ပြောခိုင်ကြီးကတော့ အဆန်းပဲနော်...၊
နောက် ဟိုတယ်ရှေ့ကနတ်စင်မျိုးက ယိုးဒယားမှာလဲတွေ့
ခဲ့တယ်...၊ဒီစလုံးမှာလဲရှိတယ်ဗျ....၊

ဟန်ကြည် said...

ခမာပြည်က ဗမာပြည်လိုပါပဲလား မအိမ်သူရေ...cultural gap တော့ နည်းမယ်ထင်ပါရဲ့...တကယ်တော့ ဗမာပြည်က မွန်ဆိုတာကလည်း ခမာတွေရဲ့အဆက်တွေမို့ ယဉ်ကျေးမှုချင်း နီးစပ်မယ်လို့ တွေးကြည့်မိပါတယ်...ခမာတို့ရဲ့ ယဉ်ကျေးမှုတွေအကြောင်း ဖြစ်နိုင်ရင် ရေးဖို့ တက်ဂ်လိုက်ပါရစေဗျာ...

Related Posts Plugin for WordPress, Blogger...