Saturday, July 16, 2011

ခေတ်သစ်ဝေါဟာရတွေကြားထဲမှာ..


အခုခေတ်ကြီးက နည်းပညာခေတ်တဲ့… ဒုံးပျံခေတ် ဂြိုလ်တုခေတ် အရှိန်အဟုန်နဲ့ ပြေးနေတဲ့ခေတ်… အရာအားလုံးဟာ ခုန်ပျံကျော်လွှား တွန်းထိုးသွားနေရတဲ့ခေတ်…
အဲဒီခေတ်ကြီးထဲမှာ ကြားနေရတဲ့ ဝေါဟာရတွေကလည်း အများသား… မကြားချင်မှအဆုံး..
သိတာမသိတာ အပထားလိုက်အုံး.. သူများရွတ်လို့မှ ကိုယ်လိုက်မရွတ်တတ်ရင် တခေတ်နောက်ကျသွားမလား ဆိုတာတောင် စဉ်းစားဖို့မလိုလောက်အောင် နားယဉ်နေခဲ့ရတဲ့အဖြစ်… စိတ်မ၀င်စားသလို နေလို့မဖြစ်နိုင်တော့ ဝေါဟာရတွေကြားမှာ လူလည်းချာချာလည်လို့…
Global Village တဲ့ ကမ္ဘာကြီးက ရွာတစ်ရွာအဖြစ်တောင် ရောက်သွားပြီလား… ရွာကြီးထဲကလူသားတွေ အဖြစ်ကကော ရှေ့လျှောက် ဘယ်လိုတွေများ ရှိနေကြမလဲ စဉ်းစားနေမိတာ..
Globalization ဆိုတာကြီးက လူသားတွေအပေါ် အတော်လွှမ်းမိုး နိုင်တယ်လို့ ထင်မိသလိုလို … စိတ်ထဲမှာတော့ အရာအားလုံးဟာ တကယ်တန်း Globalize ဖြစ်နိုင်ပါရဲ့လား ဆိုတာ သံသယရှိနေဆဲ…
International..  International နဲ့ ပြောနေတဲ့ကြားကနေ Intra-national တွေအများကြီး ကြားမှာ ညှိနှိုင်းဆက်စပ်လို့မရတဲ့ Conflict တွေက တစတစကြီးထွား လာနေကြသလားလို့ တွေးနေမိတာ…
Intercultural တွေကို ဖေါ်ဆောင်ဖို့ကြိုးစားနေခဲ့ကြတာ နှစ်တွေမနည်းတော့..
Intra-cultural တွေနဲ့ တသားတည်းဖြစ်ဖို့ ဘယ်လိုတွေများ ညှိနှိုင်းကြမလဲ ဆိုတာ စိတ်ဝင်စားမိနေတုန်း..
Internet တွေ Intranet တွေထဲမှာ လူသားတွေ ပိုက်ကွန်မှာငြိသလို ပိတ်မိနေကြတာ World Wide Web ဖြစ်သွားကတည်းကစတာ..
Global Economics တို့ Global Market Place တို့ Global Banking တို့ Global Services တို့နဲ့ ကမ္ဘာတ၀ှမ်း ခြေလှမ်းကြဲနေကြတာ… ဒါပေမယ့် အဲဒီ Global တွေထဲမှာ ကိုယ်မပါတာကတော့ ကမ္ဘာအပြင်ဖက် ရောက်နေခဲ့လို့တော့ မဟုတ်တန်ရာဘူး…
ဒါ ကိုယ့်ရဲ့ Global Knowledge နည်းနေမှုနဲ့ သက်ဆိုင်မလား… Global Learning ကိုတော့ ကိုယ်မျှော်လင့်မိတာ တချိန်ချိန်မှာ သင်ခွင့်ရကောင်းပါရဲ့…
အဲ.. Global Warming ရဲ့ခြိမ်းခြောက်မှုထဲမှာ ကိုယ်ပါနေတာတော့ သိပ်သဘောမတွေ့မိခဲ့တာ ၀န်ခံပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

8 comments:

T said...

ဆက်သွယ်လို့ရမဲ့ Email လိပ်စာသိပါရစေ၊ VOA မြန်မာပိုင်းရဲ့ Blogger တွေပြောသမျှ အစီအစဉ်အတွက် ဆက်သွယ်ချင်လို့ပါ၊

မအိမ်သူ said...

warkhaung.moe24511@gmail.com ဆိုရင်ရပါတယ်ရှင်။

မင်းဧရာ said...

ဟုတ်တယ် အမရေ.........
global village ထဲမှာကျွန်တော်လည်း
ထယ်ထိုးနေရတုန်းပဲဗျ ဒါကလည်း
ကိုယ့်ရဲ့ knowledge တွေအားနည်းနေမှူ့ပဲထင်ရဲ့။

ညိမ်းနိုင် said...

ကျွန်တော်လည်း အဲ့ဂလိုဘယ်ကြီးကို လိုက်မှီပါဘူးဗျာ..

နေ၀သန် said...

အင်း.. ဘယ်ရှောင်နိုင်ပါ့မလဲ.. Globe ပေါ်မှာနေနေတာကိုး..း)

ခင်မင်လျက်
နေ၀သန်

ဟန်ကြည် said...

Globalization လုပ်ရင်းနဲ့ ကြာလာတော့ Google နဲ့ပဲညားမလား...Game point နဲ့ပဲ အရင်တွေ့မလား... God နဲ့တွေ့တဲ့အခါ Good...Good လို့ ကောင်းချီးမပေးဘဲ Go...Go...away ပဲ လုပ်ခံရမလား...Mozilla နဲ့ နပမ်းလုံးရင်း ကိုယ်ကိုတိုင်ပဲ Godzilla ဖြစ်မလားတော့ မပြောတတ်တော့ဘူး မအိမ်သူရေ...

mstint said...

ခေတ်နဲ့လျော်ညီနေပြီး နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ ဝေါဟာရလေးတွေအကြောင်း ရေးသားချက်လေး ကောင်းတယ် မအိမ်သူရေ။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကျွန်တော်က ရွာထဲက ခပ်ပိန်းပိန်းသူငယ်လေးတစ် ယောက်ပေါ့
ဒါပေမယ့် အားလုံးကိုငြိမ်းချမ်းစေချင်ပါတယ်


မောင်ဘကြိုင်
နေပြည်တော်မှလာသည်

Related Posts Plugin for WordPress, Blogger...