Saturday, July 2, 2011

သူငယ်ချင်း မိတ်ဆွေများအတွက်…

(Scripture & Poetry to Encourage Us)

It brings comfort to have friends in whatever happens.
                              (St. John Chrysostom)

ဘယ်လို အဖြစ်တွေနဲ့ဘဲ ကြုံကြုံ မိတ်ဆွေကောင်းများကို ပိုင်ဆိုင်ထားခြင်းအားဖြင့် စိုးရိမ် ကြောင့်ကြ ပူပန်ရခြင်းတို့မှ သက်သာရာရစေပါတယ်။

# # # # #

You, my friend,
are the rainbow of my life:
the pastel, the bright;
the pot of gold;
the promise after the storm;
the reminder that God loves me.
                              (Conover)

သူငယ်ချင်း မင်းဟာ…
ငါ့ဘ၀ရဲ့ သက်တန့်တစ်စင်း
အလင်းတစ်စ တောက်ပတဲ့ရောင်စဉ်
ရွှေစင်တစ်အိုးလိုပ
မုန်တိုင်းရဲ့နောက်ကလေပြေ
ဘုရားသခင်ရဲ့ မေတ္တာတော်တွေကို သတိရနေစေခဲ့သူ … …။

  # # # # #

I’m thankful for your cheerful words;
Appreciate your smile;
I’m pleased you are considerate ̶
No one would you revile.
I’m grateful for your humor,
And your humility;
But most of all I’m thankful that
You’ve been a friend to me.
                       (Sarah Michaels)

ရွှင်လန်းတက်ကြွစေရာ စကားချိုသာများအတွက် ကျေးဇူးတင်မိတာ..
မင်းရဲ့အပြုံးဟာ နှစ်သက်ဖွယ်ရာ...
မင်းရဲ့တွေးဆဆင်ခြင်တတ်မှုအတွက် ငါကျေနပ်အားရရှိမိတာ..
မင်းဟာ သူတစ်ကာတို့အလယ်မှာ အပြစ်ဆိုဖွယ်ရာမရှိခဲ့..
မင်းရဲ့ ဟာသဉာဉ်ဟာ စိတ်ပျော်ရွှင်ကြည်နူးဖွယ်ရာ..
မင်းဟာ ယဉ်ကျေးစွာ နှိမ့်ချတတ်တာ ချစ်ခင်နှစ်သက်စရာ…
သို့ပေမယ့်ငြား အရာအားလုံးထက် ကျေးဇူးတင်ချင်တာ
မင်းဟာငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နေခဲ့လို့ပါ … ။
 # # # # #
(သူငယ်ချင်း မိတ်ဆွေတို့နဲ့ ပတ်သက်ပြီး ရေးသားချက်များမှ ကြိုက်နှစ်သက်မိတဲ့ စာ ကဗျာလေးတွေကို ဘာသာပြန်ကြည့်ထားတာပါ။ အမှားအယွင်း ချို့ယွင်းချက်များ ပါခဲ့ရင် မအိမ်သူရဲ့ ဘာသာပြန် အမှားသာဖြစ်ပါတယ်။ မူရင်း ရသကို တိတိကျကျ ခံစားနိုင်စေဖို့ Original ရေးသားချက် များနဲ့အတူ တွဲဖက်ဖေါ်ပြပေးထား ပါတယ်ရှင်။)

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

8 comments:

အင်္ဂါဟူး said...

မိတ်ဆွေကောင်းဟာ.... တစ်ခါတစ်ရံမှာ သွေးသားရင်းထက် စိတ်ချလုံခြုံတယ်၊ ကူညီတတ်တယ်။

မော်ကွန်းသစ် said...

ကလျာဏမိတ္တသမ္ပဒါဆိုလားဗျ...။

ဟန်ကြည် said...

အရေးရှိလာ ကူညီခါ ကလျာမိတ်ကောင်းမှတ်...တဲ့၊ ခပ်ငယ်ငယ်ကတည်းက သိဖူးမှတ်ဖူးခဲ့တာပါ။ နောက်နည်းနည်း အရွယ်ရတော့ အင်္ဂလိပ်စကားပုံလေး တစ်ခု သွားတွေ့တယ် “မိတ်ဆွေကောင်းဆိုတာ ကမ္ဘာကြီးတစ်ခုလုံးက သင်နဲ့အဝေးဆုံးကို ထွက်သွားနေချိန်မှာ သင်ရှိရာကို အရောက်လာသူပဲ”တဲ့...အဲဒါကိုလည်း ကြိုက်တာပါပဲ။ တကယ်တော့ မိတ်ဆွေကောင်းဟုတ်မဟုတ်ဆိုတာ ကိုယ်တကယ် ဒုက္ခနဲ့ကြုံတဲ့အခါမှ သိရတာမျိုးလေ...ဒုက္ခနဲ့ရင်းမှ ရတဲ့အရာဟာ မိတ်ဆွေကောင်းပါပဲ။ ဒါကြောင့်လည်း အင်မတန်မှ တန်ဖိုးရှိပေတာပေါ့...

Angelhlaing(May everybody be happy and healthy! said...

မမရေ စာဖတ်ရင်း ရောက်တယ်လို့..
ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါမမ..

မေဓာဝီ said...

ဒုတိယ အပုဒ်ကို ပြန်ထားတာ အကြိုက်ဆုံးပဲ။ ဘာသာပြန်လေးက ကာရန်လေးတွေ ချိတ်ထားလို့ ... လှတယ်။

mstint said...

ဘာသာပြန်လေးဖတ်သွားပါပြီ။
မိတ်ကောင်းဆွေကောင်းများနဲ့သာ ထာဝရပေါင်းဖေါ်နိုင်ခွင့် ရပါစေ မအိမ်သူရေ။ (အန်တီတင့်အပါအဝင်နော်း))

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

တန်ဖိုးထားရမဲ့ မိတ်ဆွေကောင်းတွေ များများလိုချင်တယ်
ကိုယ်ကလည်း တန်ဖိုးထားသလို သူတို့ဘက်ကလည်းပြန်ပြီးတန်ဖိုးထားမဲ့ မိတ်ဆွေကောင်းတွေပေါ့နော်

နေ၀သန် said...

မိတ်ဆွေကောင်းဆိုတာ ဘ၀မှာမရှိမဖြစ်ပါပဲ...


ခင်မင်လျက်
နေ၀ဿန်

Related Posts Plugin for WordPress, Blogger...