Thursday, June 30, 2011

စီဘောက် က စပမ်းတွေအတွက်

မအိမ်သူ ဘလော့ဂ်မှာ စီဘောက်ထည့်ပြီး နောက်တစ်ရက် နှစ်ရက်လောက် နေတော့ ဘာမှန်းမသိတဲ့ လင့်တွေနဲ့ ဘာစာတွေမှန်းမသိ လာလာပြီး ရေးသွားတာ နေ့တိုင်းလို တွေ့တွေ့နေခဲ့ရတယ်။ အဲဒီလင့်တွေကိုလည်း သွားမနှိပ်ရဲဘူး။ တော်ကြာ ဗိုင်းရပ်စ်တွေ ဘာတွေဖြစ်နေမှာကို ကြောက်တာနဲ့ ဒီအတိုင်းဘဲ ထားထားလိုက်တယ်။ စီဘောက်ကိုလည်း မဖြုတ်လိုက်ချင်တော့ ဒီလိုဘဲ ကြည့်နေလိုက်ရတော့တာဘဲ။ နောက် တခြားဆိုက်တွေကို သွားတဲ့အခါမှာလည်း ဘလော့ဂ်တိုင်းလိုလိုရဲ့ စီဘောက်တွေမှာ အဲဒါမျိုးတွေ အများကြီးတွေ့တွေ့နေရတဲ့အခါ နဲနဲစိတ်အနှောက်အယှက် ဖြစ်လာတာနဲ့ အင်တာနက်မှာ ဟိုရှာဒီရှာ ရှာကြည့်လိုက်တာ နည်းလမ်းလေးတစ်ခု ရှာတွေ့လို့ စမ်းကြည့်ထားပါတယ်။ အဲဒီဟာလေး လုပ်ထားပြီးကတည်းကတော့ နောက်ထပ်စပမ်းလင့်တွေ လာတာမတွေ့သေးပါဘူး။ စမ်းကြည့်ချင်တဲ့သူများရှိရင် မိမိတို့စီဘောက်မှာ လိုက်လုပ်နိုင်အောင် ရှယ်ပေးလိုက်ပါတယ်။ သိပြီးသောသူများအတွက် မရည်ရွယ်ပါဘူးရှင်။ မသိသေးသော ဘလော့ဂါများရှိခဲ့ရင် စီဘောက်စပမ်းတွေ အတွက်လည်း စိတ်အနှောက်အယှက် ဖြစ်နေခဲ့မယ်ဆိုရင် လုပ်ကြည့်နိုင်အောင်လို့ပါ။

နည်းကတော့ လွယ်လွယ်လေးပါဘဲ။

၁။  မိမိတို့ရဲ့  စီဘောက် အကောင့်ကို ဆိုင်းအင်ဝင်လိုက်ပါ။
၂။  ပြီးရင် Option ထဲကိုသွားပါ။
၃။  အဲဒီက Posting Options ကိုရွေးပါ။
၎။  အဲဒီထဲမှာ Anti-Spam Protection ဆိုတာကို ရှာကြည့်ပါ။
၅။  တွေ့ရင် အဲဒီအောက်မှာ Require Captcha ဆိုတဲ့ Option လေးကို Check လုပ်ပြီးရွေးလိုက်ပါ။
၆။  ရွေးပြီးရင် Save လုပ်ဖို့မမေ့ပါနဲ့။
၇။  ပြီးရင် အကောင့်ကို ဆိုင်းအောက်လုပ်လို့ရပါပြီ။
အဲဒါလေးပါဘဲ။

ဒါပေမယ့် စီဘောက်မှာ စာလာရေးတဲ့ သူတွေအနေနဲ့တော့ စာရေးတိုင်း Word Verification လေး တစ်ခုကို ဖြည့်ဖို့လိုပါလိမ့်မယ်။  မအိမ်သူ စီဘောက်မှာ အဲဒီလိုလုပ်ထားတာ အခု တစ်ပတ်လောက်ရှိပါပြီ။ အဲဒါလုပ်ပြီးကတည်းကတော့ စပမ်းတွေလာတာ မတွေ့သေးပါဘူး။ စီဘောက်မှာ Message ရေးတဲ့ စာဖတ်သူများကိုတော့ အဲဒီ Word Verification လေးဖြည့်ရတဲ့အတွက် အနှောက်အယှက် ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ နောက်ပိုင်း စပမ်းတွေ မရှိတော့ရင် ပြန်ဖြုတ်ပေးပါမယ်။ မိတ်ဆွေများအားလုံး မိမိတို့ စီဘောက်မှာ စမ်းပြီးလုပ်ကြည့်ချင်ရင် အပေါ်က ရေးထားတဲ့ Steps လေးတွေ အတိုင်းသာ လုပ်ကြည့်လိုက်ပါ။ အဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်ရှင်။ ဒီ့ထက်ကောင်းတဲ့ နည်းလမ်းများ ရှိခဲ့ရင်လည်း သိသောသူများ ဝေမျှပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

8 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ ..ကျေးဇူးပါလို့..:)

မေဓာဝီ said...

ကျမကတော့ အလုပ်ရှုပ်လို့ စီဘောက်ကို မထားဘူး မအိမ်သူရေ။ သူများစီဘောက်တွေမှာတော့ အဲဒီလို စပမ်းတွေ လာလာရေးနေတာ တွေ့ဖူးတယ်။ ကိုယ့်မှာ မရှိတော့ အေးတာပဲနော် :))

ညီလင်းသစ် said...

ကျနော့် စီဘောက်စ်မှာလည်း တခါတခါ လာကြတယ်၊ ကြော်ငြာဆိုဒ်တွေ များပါတယ်၊ အခုလို ရှင်းလင်း၊ လွယ်ကူတဲ့ နည်းလေး ပြောပြပေးတာ ကျေးဇူးပါဗျာ၊ လောလောဆယ်တော့ အရမ်းကြီး မဆိုးသေးတာက တကြောင်း၊ စာဖတ်သူတွေကို word verification မဖြည့်စေချင်တာက တကြောင်းမို့ ဒီအတိုင်း ဆက်ထား လိုက်ဦးမယ်၊ ဒီ့ထက်ဆိုးလာရင်တော့ လုပ်ရမှာဆိုတော့ လုပ်နည်းကို သေချာမှတ်သွား လိုက်ပါတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်နော်...။

rose said...

ဟုတ်တယ် မအိမ်သူရေ... ရို့စ်လည်း ရို့စ် စီဘောက်စ်မှာ အဲ့လို စပန်း မက်ဆေ့ခ်ျတွေ တွေ့ရင် စိတ် အနှောက်အယှက် ဖြစ်မိတယ်။ ရို့စ်တော့ အဲ့ဒီ မက်ဆေ့ခ်ျတွေကို ဖျက်ပစ်တယ်။ ပြီးတော့ Ban Id ဆိုတာလည်း လုပ်လိုက်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မလည်း အဲဒီ စပမ်းမက်ဆေ့တွေ တွေ့ရင် အဲဒီမက်ဆေ့ရဲ့အိုင်ပီ မှန်သမျှကို အကုန်ဘမ်းပစ်လိုက်တယ်။ လာသမျှကို အကုန်ဘမ်းတာ
နောက်တော့ တော်တော်သက်သာသွားတယ်။
တစ်ခါတစ်လေလောက်မှ တွေ့ရတော့တယ်။
သူက ဘလော့ထဲဝင်ပြီးလုပ်တာမျိုးတော့မဟုတ်ဘူး တစ်ချို့ ပိတ်ထားတဲ့ ဘလော့ရဲ့ စီဘောက်တွေမှာလည်း ၀င်တတ်တယ်။ ဟုတ်တယ်နော် စိတ်အနှောက်အယှက်တော့ တော်တော်ဖြစ်ရတယ်

mstint said...

နည်းလမ်းကောင်းလေးအတွက် ကျေးဇူးပါမအိမ်သူရေ။

မေတ္တာဖြင့်
အန်တီတင့်

အိမ့်ချမ်းမြေ့ said...

ဒီပိုစ်လေးတွက် ကျေးဇူးပါနော်
ကမ္ဘောဒီးယားပိုစ်တွက်လည်း ကျေးဇူး။
စံပယ်ပုံလေးလည်း ကြိုက်တယ်။
မလေး မွှေနှောက်ဖတ်ရှုသွားပါတယ်။

မေသိမ့်သိမ့်ကျော် said...

ကျေးဇူးတင်ပါတယ် မအိမ်သူရေ။ အဲဒါတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်နေတာကြာပြီ။ လုပ်ကြည့်လိုက်ပါ့မယ်။

ခင်မင်လေးစားလျက်

Related Posts Plugin for WordPress, Blogger...