Thursday, June 23, 2011

မေချက်ပါသည် စပါ့ဂတီ

 ဟောဒီက စပါ့ဂတီ
အီတလီ ခေါက်ဆွဲ …
လျှာပေါ်စွဲမယ့် ဒီအရသာ
စားစေ့ချင်လှတာ …


အီတဲ့အစာ မကြိုက်ဘူးရယ်လို့
ငြင်းပါနဲ့ မောင်ကြီးရှင် …
မယ့်သခင် အအီပြေစေဖို့
အသင့်ပင် အချဉ်ပွဲနဲ့
ပြင်ထားရဲ့ရှင် …

တွဲဖက်ကာ စားလျှင်ဖြင့်
ဆွေမျိုးပင် တကယ်မေ့မယ်ပ
စိတ်ကူးမလွဲနဲ့ မောင်ကြီးရယ်
မယ့်လက်ရာ တစ်မူကွဲ
မြည်းစမ်းပါ့ တစ်ပွဲ...။


အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

7 comments:

SHWE ZIN U said...

မအိမ်သူ ရေ

တကယ်ကို စားကောင်းမယ့် ပုံလေးဘဲ

ညိမ်းနိုင် said...

မြည်းသွားတယ်ဗျိုးးးးးးးးးး

mstint said...

စပါ့ဂတီကို အန်တီတို့ သားအမိတွေ အတော်နှစ်သက်လို့ အိမ်မှာ မကြာခနလုပ်စားဖြစ်တယ်လေး)
အခု မအိမ်သူဘလော့ဂ်မှာ ထပ်တွေ့လိုက်တော့ ဒီရက်အတွင်း လုပ်စားအုံးမယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

အီဘူး
ကြိုက်တယ် ချိစ်များများနဲ့ ပိုတောင်ကြိုက်သေးး)
ကဗျာလေးနဲ့ စပါဂတီကိုချက်ထားတာ လိုက်မှလိုက်

မေဓာဝီ said...

မအိမ်သူ စပါဂတီလုပ်
ကဗျာတပုဒ် ထွက်လာ
အရသာ လျှာမှာမသိပါဘု
မစားသာပြီမို့
တအားသာ သွားရည်သိမ်းတယ်
မြည်ပေါ့ ဂလု
:))

rose said...

အစ်မအိမ်သူရဲ့ ကဗျာလေးကို ဖတ်ပြီး သဘောကျလို့ ပြုံးမိတယ်။ စပါဂတီလည်း စားသွားတယ်နော်။ အစ်မရေ... လုပ်နည်းလေးတွေပါ အဆင်ပြေရင် ထည့်ရေးပေးပါနော်။

နေ၀သန် said...

ကြည့်ဦး.. ကြည့်ဦး... စပါကတီလေးကလည်း စားချင်စဖွယ်.. ကဗျာလေးနဲ့ ဖွဲ့နွဲ့ထားတာလည်း ကောင်းမှကောင်း... :P.. စပါကတီကြိုက်လွန်းလို့ အိမ်အလည်တောင် လာချင်ပါ့... ဟိဟိ


ခင်မင်လျက်
နေ၀ဿန်

Related Posts Plugin for WordPress, Blogger...