Friday, June 3, 2011

မြည်းလှည့်စမ်းပါ့ ပျို့လက်ရာ

ပဲဟင်းချို ၊ ကြက်သားဆီပြန် ၊ မျှစ်နဲ့ချဉ်ပေါင်ကြော် ၊ အညာငရုတ်သီးထောင်းနဲ့ သခွားသီးတို့

ပျိုလေးချက်တဲ့ ဟင်းလက်ရာ

ချစ်ခင်သူ မယ့်အိမ်သားရယ်
စားစမ်းလှည့်ပါ…

ပဲနောက်ဝါ ဟင်းချိုချက်ကယ်နဲ့
တို့မြုပ်စရာ ငရုတ်ထောင်းငယ်က
မွှေးလှပြန်တာ…

လိုက်ဖက်စရာ ဟင်းမယ်ရွေးတာက
ရွှေချဉ်ပေါင် မျှစ်တိုစွက်လို့
ကြက်ဟင်းလျာ ဆီပြန်ချက်ရယ်နဲ့
မြိန်ရှက်စွာ စားစေကြောင်းရယ်လို့
စေတနာ ဝေဖြာလောင်းကာပ
မယ့်သက်လျာ ငယ်ကပေါင်းကို
ကျွေးမယ်ကွဲ့လေး……။           ။

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

5 comments:

blackcoffee said...

ကျွန်တော့် အကြိုက်ဟင်းတွေဆိုတော့ သားရေတောင် ယိုသွားတယ်... အိမ်ထမင်း၊ အိမ်ဟင်း ဝေးနေတာကြာပေါ့...

mstint said...

အစားအသောက်တင် ဖွယ်ဖွယ်ရာရာမကဘူး လိုက်ဖက်တဲ့ ကဗျာလေးပါ တင်သွားလေတော့ မယ့်သက်လျာ ငယ်ပေါင်းတော့ ကြည်နူးပြီး ပီတိတွေဖြာနေမှာပဲနော်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

ဟေးဟေး....
ကိုယ့် အတွက်ပါမပါတော့မသိဘူး
နည်းနည်းတော့မျက်စောင်းထိုးသွားတယ်
ကဗျာရောဟင်းရောကောင်းလို့။

လပြည့်ရိပ် said...

ဟင်းအစပ်တည့်တယ်..စားချင်လိုက်တာ..

ငွေလမင်း said...

ပုံတွေ ကြည့်ပြီး စားချင်လိုက်တာ

Related Posts Plugin for WordPress, Blogger...