Thursday, June 2, 2011

မြင်တတ်ရင် သံသရာဆိုတာ…


ပုံကို Google မှယူပါသည်။
မိုးရေစက်ကလေးတွေ…
ကောင်ကင်ကနေ မှုန်မှုန်မွှားမွှားကျဆင်းလို့
နောက်တော့ တစ်စက်ချင်း တစ်ပေါက်ချင်း
တဖြောက်ဖြောက်ကြွေသက်လို့…
ရေပွက်ငယ်လေးတွေ
နောက်တော့ရေအိုင်ငယ်လေးတွေ
နောက်တဖြည်းဖြည်း ရေစီးကြောင်းငယ်လေးတွေ အဖြစ်နဲ့ စုပေါင်းလို့
ချောင်းငယ် မြောင်းငယ်လေးတွေဆီရောက်
အဲဒီကနေမှတစ်ဆင့် မြစ်ငယ် ကန်ငယ်တွေဆီကို ဆက်လက်စီးဆင်း..
နောက်တော့မှ အင်းအိုင် ပင်လယ် သမုဒ္ဒရာတွေအဖြစ်….
အဲဒီလိုဘဲ…
စတင်ခဲ့တုံးကတော့ အမှုန်အမွှားလေးသာသာ
အဲဒီကနေမှ တဖြည်းဖြည်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေ
ဖြစ်တည်လာခဲ့ကြတာ မဟုတ်လား……

ဒါပေမဲ့လဲ စဉ်းစားကြည့်စမ်းပါအုံးကွယ် …
အဲဒီ ပင်လယ် သမုဒ္ဒရာတွေကကော အမြဲတည်နေခဲ့လို့လား…
အဲဒီထဲက ရေတွေဟာ အမြဲတမ်း တသမတ်တည်း ရှိနေခဲ့တယ်လို့များ ထင်နေရင်တော့ မှားမှာပေါ့ကွယ်…
ပင်လယ် သမုဒ္ဒရာထဲက ရေတွေက ရေခိုးရေငွေ့တွေအဖြစ်
ကောင်းကင်ထက်ကို ပျံ့လွင့်လို့ မိုးတိမ်တိုက်တွေဘ၀ကို ရောက်ကြရတာဘဲ မဟုတ်လား…
နောက်ထပ် မိုးစက် အမှုန်အမွှားလေးတွေအဖြစ် ရွာသွန်းဖို့ပေါ့…
ပင်လယ် သမုဒ္ဒရာထဲက ရေတွေရဲ့ဘ၀ဟာ ကြီးကျယ် ခမ်းနားလိုက်ရ …
တစ်ခါ သေးငယ်တဲ့ အမှုန်အမွှားလေး ဘ၀ပြန်ရောက်လိုက်ရ ..
နောက်တစ်ခါ ပြန်လည်ပြီး အသစ်အသစ်သော ရေတွေဘ၀နဲ့ စီးဆင်းကြပြန်ရင်း
တစ်ခါပြန် ကြီးကျယ် ခမ်းနားခြင်းအဖြစ် ရောက်ရပြန်ရော…..

အမှုန်အမွှားဟာ ကြီးကျယ် ခမ်းနားခြင်းရဲ့ အစလား…..
ကြီးကျယ် ခမ်းနားခြင်းကကော အမှုန်အမွှားလေးအဖြစ်နဲ့ ဇာတ်သိမ်းရဖို့လား…
ဘဲဥအစရှာမရသလိုပါဘဲ… ဘယ်ကစလို့ ဘယ်မှာဆုံးမှန်းမသိ…..
အဲဒီလိုဘဲ လူတွေရဲ့ ဘ၀တွေကကော…………
ဘယ်ကနေစခဲ့လို့ ဘယ်မှာများအဆုံးသတ်မှာပါလိမ့်မလဲ......... 

အမြဲတမ်း ငြိမ်းချမ်းကြပါစေ။

2 comments:

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်လဲ မဆုံးတဲ့ လူသဘာဝကြိးပဲနော်မမ ..ကဗျာလေး ခံစားအားပေး လျှက်ပါမမ..
ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

သိင်္ဂါကျော် said...

“လူတွေရဲ့ ဘ၀တွေကကော..
ဘယ်ကနေစခဲ့လို့ ဘယ်မှာများအဆုံးသတ်မှာပါလိမ့်မလဲ”

တကယ်ပဲ ဘဝ သံသရာက ဘယ်အချိန်မှ ဆုံးမယ် မသိနိုင်ဘူးလေ..

Related Posts Plugin for WordPress, Blogger...